Chapter 9(uni)

5.6K 316 11
                                    

သခင်လေးနှုတ်ခမ်းလေးကို တစ်စိမ့်စိမ့်တွေးရင်ပြုံးနေသော ခမ်းတစ်ယောက် အပေါ်ထပ်လှေကားနားအရောက် ဆွဲခေါ်တာခံလိုက်ရသည်။ဆွဲခေါ်တဲ့သူက ပိုင်လေးဖြစ်ပြီး ဝရံတာအထိဆွဲချလာသည်။

"ခင်ဗျား"

"ဘာအရေးကြီးလို့လဲပိုင်လေး"

"သခင်လေးကိုကြိုက်နေတာလား...ကျွန်တော်အကုန်မြင်လိုက်တယ်"

"အင်း....ကိုယ်ချစ်နေတာ"

ကိုယ့်အဖြေကြောင့်ထင်ပါရဲ့ ပိုင်လေးကမျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့အုပ်ပြီး သက်ပြင်းချသည်။

"ကျွန်တော်အရင်တွေ့ပြီး ကျွန်တော်အရင်ချစ်ခဲ့တာ"

"ဟင်.. မင်းရောချစ်နေတာလား"

" ဘယ်သူမချစ်ပဲနေနိုင်မှာလဲ သခင်လေးကိုလေ.."

"မင်းဖွင့်ပြောပြီးပြီးလား"

"မပြောရသေးဘူး"

"မပြောနဲ့တော့ သခင်လေးကိုကိုယ်ရတော့မှာ"

"ဘာဗ်"

အထက်စီးဆန်သည့်ခမ်းစကားကြောင့် စိတ်ထဲတင်းသွားသည်။

"ဟုတ်တယ်..မင်းမမြင်လိုက်ဘူးလား
ကိုယ်သခင်လေးကိုနမ်းလိုက်တော့ ရှက်သွားတဲ့မျက်နှာလေးလေ "

"အဲ့တာနဲ့ပိုင်ရောလား"

"ရှက်သွားတယ်ဆိုတာ ခံစားချက်ရှိလို့ကွ.... ရအောင်ယူမှာ"

"ဟင်းဟင်း...ဒီလောကကြီးမှာလိုချင်တာရအောင်ယူတတ်တာ ခင်ဗျားတစ်ယောက်ထဲရှိတယ်ထင်နေတာလား...ခင်ဗျားကခြေတစ်လှမ်းဦးသွားရုံပါ ကျွန်တော်ကဆယ်လှမ်းလောက်ပြန်ဦးပြမယ် စောင့်ကြည့်နေ"

"မင်းမလုပ်နိုင်ပါဘူး....မင်းကကိုယ်နဲ့ယှဉ်လို့မရဘူး "

"ဘာကိုယှဉ်လို့မရတာလဲ ပြောစမ်းပါ"

"မင်းအသိဆုံးနေမှာပါ သခင်လေးမင်းအပေါ်ထားတဲ့စိတ်ကို"

သခင်လေးသူ့အပေါ်ထားတဲ့စိတ်လား....
အမြဲကြည်လင်နေသောမျက်လုံးများနှင့် အပိုစကားများပြောလေ့မရှိသောသခင်လေး။အလုပ်ကိစ္စမှလွဲ၍ ပိုင်လေးနှင့်စကားပြောတာနည်းလှသည်။ပိုင်လေးနှင့်အမြဲအတူရှိသူက Dသာဖြစ်ပြီး သခင်လေးနားအမြဲရှိသူက ခမ်းဖြစ်၏။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now