ကုတင်ထက်မှ မေ့မျောနေသောသူကို ကြည့်ကာ ဇွဲလက်ရုံး သက်ပြင်းသဲ့သဲ့ချလိုက်သည်။အိမ်ရှေ့လမ်းမပေါ်မှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ကောင်လေးဟာ မင်းဆက်စေတန်ဖြစ်နေခဲ့တယ်။အချိန်တန်တော့လည်း သေမင်းက အိမ်ရှေ့အထိ ရောက်လာတာပဲလေ။"အကိုလေး...သူ ကျွန်တော်တို့ကိုမှတ်မိနိုင်လား "
အနားမှာရပ်နေတဲ့ ဇေယံ့ရဲ့အမေးကို ခေါင်းခါပြလိုက်ရင်း
"ငါလည်းမသိဘူးဇေယံ....သူသာမှတ်မိနေရင် သတ်မှာ...မမှတ်မိရင်လည်း ငါဘယ်သူဆိုတာ ပြောပြလိုက်မယ်"
"အကိုလေးရာ...ဘယ်အရာကမှ အကိုလေး အသက်ရှင်ချင်စိတ်ရှိအောင် ဆွဲမထားနိုင်တော့ဘူးလား"
"လွန်ခဲ့တဲ့ဆယ်နှစ်က ပေါက်ကွဲမှုမှာ ချစ်သူနဲ့အတူသူ့ဗိုက်ထဲက ကလေးကိုပါ ဆုံးရှုံးလိုက်ရတဲ့ အချိန်ကစပြီး ငါ့ရဲ့စိတ်ရော နှလုံးသားရော သေဆုံးသွားခဲ့ပြီလေ...အခုတော့ ကလေးနဲ့မိန်းမနောက်ကို လိုက်သွားချင်လှပြီ"
"အကိုလေးရာ"
အရာအားလုံးကို လွှတ်ချခဲ့ချင်ပြီ။ကိုယ့်ကိုကိုယ် ရွံ့ရင်းအသက်ရှင်နေရတာ သေမတတ်ပင်ပန်းနေခဲ့ပြီ။လွတ်မြောက်လိုက်ချင်ပြီ။
ကုတင်ထက်မှ လူးလွန့်ကာ နိုးထလာသူသည် ဘေးမှာထိုင်နေသော မိမိနှင့် ဇေယံ့ကိုကြည့်ကာ မျက်မှောင်ကျုံ့နေပြန်သည်။ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့တာပဲ။သူမတူသည့် အရှိန်အဝါနဲ့ အသက်ငယ်သလောက် အာဏာစက်ပြင်းလွန်းသည့် ကောင်ငယ်လေး။
"မင်း..အိမ်ရှေ့လမ်းပေါ်မှာ ဒဏ်ရာတွေနဲ့လဲနေလို့"
ဘာအမေးစကားမှ မဆိုရသေးခင်မှာပင် အဖြေပေးမိသည်။
"လက်ကချုပ်ရိုးတွေက အကုန်ပြုတ်ထွက်သွားလို့ ပြန်ချုပ်ပေးထားတယ်....ညက..မင်း..တစ်ညလုံးအဖျားတွေတက်နေတာ...အခုရော သက်သာလား"
ဇွဲလက်ရုံးကသာ အကုန်လုံးရှင်းပြနေပေမဲ့ သူကတော့ မျက်လုံးနဲ့ တစ်ချက်သာ လှန်ကြည့်ပြီး လက်မှပတ်တီးစည်းထားသော ဒဏ်ရာကိုကိုင်ကြည့်နေသည်။ပုံစံကတော့ Dreamရဲ့ခေါင်းဆောင်လို့ ပြောစရာမလိုအောင်ပင် ဘယ်သူ့ကိုမှ ဂရုမစိုက်သည့်မာန်ကအထင်းသား။
YOU ARE READING
No one but you(OR)The Mafia Guys[completed]
Fantasyမင်းဆိုးတာတွေ ကိုယ်သိတယ် ဒါပေမဲ့ ကိုယ်ပဲမင်းကိုနားလည်တယ်..... ဘာလို့လဲဆိုတော့ လူဆိုးတစ်ယောက်ရဲ့ နှလုံးသားကို လူဆိုးအချင်းချင်းပဲ နားလည်နိုင်လို့ပေါ့....