Chapter 24(uni)

4.1K 207 17
                                    

" အဲ့ဒီ့နေ့က..."

သခင်လေးက သက်ပြင်းကိုခပ်ဖွဖွချရင်း စကားကိုဆက်သည်။

"ရှင်နဲ့ကျွန်မလုံးဝမပေါင်းနိုင်တော့ဘူး....ဘယ့်နဲ့ဆယ်နှစ်အရွယ်ကလေးကိုများ သေနတ်ကိုင်ပြီးပစ်ခိုင်းရတယ်လို့"

"ဘာလဲကြာ...သားကို ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင်သင်ပေးဖို့လေ...ပြီးတော့သားလေးကDreamရဲ့ဆက်ခံသူဖြစ်လာမယ့်သူလေကွာ...သူအကုန်တတ်နေဖို့လိုတယ်"

"မလိုဘူး...ကျွန်မသားကိုဒီလိုဒုစရိုက်အလုပ်တွေမလုပ်ခိုင်းဘူး...ရှင်တို့ရဲ့မသန့်ရှင်းထဲလုပ်ငန်းတွေထဲ ကျွန်မကလေးကိုဆွဲမသွင်းနဲ့"

ဒယ်ဒီနဲ့မာမီနဲ့ဆူဆူညံညံစကားသံတွေကိုနားမလည်နိုင်တဲ့ဆက် ကတော့အခန်းတံခါးလေးနဲ့ကွယ်ပြီး တိတ်တိတ်လေးနားထောင်နေခဲ့မိသည်။

"မောင်..မင်းကိုချစ်လို့အလိုလိုက်ထားတယ်ဆိုတိုင်း
ရောင့်တက်မလာနဲ့နော်......သားကေမ ာင့်နရာကိုဆက်ခံရမဲ့သူပဲ"

"အဲ့လောက်တောင်ဖြစ်နေရင်လည်း နောက်မိန်းမယူပြီးကလေးထပ်မွေးလိုက်...ပြီးရင်
အဲ့ကေလးကိုပဲ......မဟုတ္ဘူးDရှင်းရှိတယ်လေ"

"ဖြန်း...."

ပြောထွက်ရက်သည်။ကိုယ်ကသူ့ကိုချစ်လွန်းလို့ မရရအောင်ယူထားမိသည်။အမြဲတမ်း လိုချင်တာမှန်သမျှ အကုန်ရသောလိုတရဘဝတွင်သူမအချစ်ကိုတော့ဖြင့်မရခဲ့ပါလေ။မရခဲ့တာမဟုတ်ဘူး ရပြီးမှလက်လွှတ်လိုက်ရတာ အကြောင်းကသူဟာလူဆိုးဖြစ်နေလို့တဲ့လေ။အမြဲတမ်းအနိုင်တွေချည်းသာ ပိုင်ဆိုင်ထားသော Dreamရဲ့ခေါင်းဆောင်..ကိုယ့်ဘဝတွင်ဒီအမျိုးသမီးတစ်ယောက်ထဲကိုသာ ဒူးထောက်ကာအရှုံးပေးခဲ့သည်။သားလေးဆယ်နှစ်အရွယ်ရောက်သည့်တိုင်အောင်
သူမနှလုံးသားထဲ နေရာနည်းနည်းလေးတောင်ပြန်မရခဲ့ပေ။အခုတော့နောက်မိန်းမထပ်ယူဖို့စကား သူ့ပါးစပ်က ထွက်လာသည်...သေချာပေါက်ထွက်သွားဖို့လမ်းစရှာခြင်းဖြစ်နေမှာစိုးသည်။ဆုံးရှုံးရမှာကြောက်သောစိတ်မှ ဒေါသအသွင်ပြောင်းသွားသည့်အခါ မြတ်နိုးဖူးသောပါးပြင်ဝယ် လက်ဖဝါးရာတစ်ချက် စွဲထင်စေခဲ့မိလေပြီ။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now