Final Part 1(uni)

7K 214 22
                                    

၂နှစ်ခန့်ကြာပြီးနောက်.....

Soul Korea. ...
တစ်ခန်းလုံးမှု ရှုပ်ပွနေသော အဝတ်အစားတွေကို ခြင်းတောင်းတစ်လုံးကိုင်ကာ လိုက်ထည့်နေရသူမှာမေဖြစ်သည်။
တစ်ပတ်တစ်ခါ ခမ်းနေသော ကြန္ဒိုကိုလာကာ အမှိုက်သိမ်းရသည်မှာမေ့တာဝန်ဖြစ်သည်။အဲ့လိုမှမလုပ်ပေးရင်လည်း အမှိုက်ပုံထဲ ထိုးအိပ်နေလိမ့်မည်။

စားပွဲခုံပေါ်မှာလည်း စီးကရက်ပြာခွက်ထဲ ပြာအပြည့်ဖြစ်နေပြန်သည်။နေရာအနှံ့ပြန့်ကျဲနေသော ဘီယာဘူးခွံတွေကိုလည်း မနင်းမိအောင်ရှောင်ရှားနေရသေးသည်။

လွန်ခဲ့တဲ့နှနှစ် မြန်မာကနေပြန်လာတဲ့ အချိန်ကစပြီး ခမ်းကတစ်နေ့တစ်နေ့ အသဲကြဲတဲ့အလုပ္ကိုပဲ လုပ်တော့သည်။Rayကိုလည်း Demoနဲ့လွှဲကာ တစ်ချက်မှလှည့်မကြည့်တော့။နေ့ရက်တိုင်းကို အရက်သောက်ရင်း၊ဘီယာသောက်ရင်းဖြုန်းသည်။တစ်ခါတစ်လေ တစ်နေ့လုံးဆေးလိပ်သောက်ရင်း တွေးချင်ရာတွေးငေးချင်ရာငေးနေမည်။

အခုလည်းကြည့် မေကအမှိုက်တွေကို သိမ်းပေးနေချိန် သူကစီးကရက်တစ်လိပ်နှင့် ကောင်းနေသည်။

"ခမ်း...."

မေ့ခေါ်သံကို ပါးစပ်ထဲမှဆေးလိပ်ငွေ့များကိုမှုတ်ထုတ်ရင်း ဘာလဲဟူသော သဘောဖြင့် မေးတစ်ချက်ဆတ်ပြသည်။

"နောက်သုံးရက်နေရင် မင်းဆက်စေတန်ရဲ့ မင်္ဂလာပွဲ"

မေ့စကားသံအဆုံး လက်ထဲက စီးကရက်ပင် ပြုတ်ကျသွားသော ခမ်းရယ်ပါ။စီးကရက်ကို ပြန်ကောက်ပြီး ဆေးလိပ်ပြာခွက်ထဲ ထိုးသတ်ရင်း ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

"အင်း...တကယ်ပြီးကြပြီပေါ့"

" နင်တကယ် လက်လွှတ်မှာလား"

"မလွှတ်ပေးလို့....ငါကဘာလုပ်ရမလဲ သူ့ဆုံးဖြတ်ချက်လေ
ငါလုပ်ပေးနိုင်တာ လုပ်နေတယ်လေ"

"နင်အခု ဘာလုပ်နေလို့လဲ"

"ချစ်နေတယ်...ငါသူ့ကိုချစ်ပေးနေတယ်"

အဖျားခတ်တွင် တုန်ယင်သွားသော အသံမှာငိုသံတွေစွက်နေသည်။

" ပြန်ယူပါ့လား...ပွဲဖျက်လိုက်"

တစ်ဖြည်းဖြည်းနဲ့ လုံးပါးပါးလာနိုင်သောခမ်းကြောင့် ပြန်ယူရန်သာ တိုက်တွန်းချင်သည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now