အပိုင်း (၄၀)

371 17 0
                                    

Unicode

                     ကားပြတင်းပေါက်ကနေ တစ်ဆင့် တိုက်ခတ်နေတဲ့ လေညှင်းတွေက အေးစက်စွာ ရိုက်ခတ်နေသည် ။ ဘေးမှ တရိပ်ရိပ်နဲ့ ကျန်ရစ်နေခဲ့သော ပတ်ဝန်းကျင်ကို အတွေးမရှိစွာ ငေးကြည့်နေမိသည် ။
                     ကားမောင်းတဲ့ အရှိန်ကြောင့် လေပြေကလည်း ပြင်းစွာတိုက်ခတ်နေပြီး ဆံပင်များပင် တလွင့်လွင့်ရှိနေသည် ။ အေးစိမ့်စိမ့်ဖြစ်နေသော အခြေနေကြောင့် ပုခုံးပေါ်မှာ အိပ်ပျော်နေသော 'သော့်' ရဲ့ အပေါ်မှာ ခြုံပေးထားသော အနွေးထည်ကို ရင်ဘတ်ထိ ဆွဲကာ ကြယ်သီးတပ်ပေးလိုက်သည် ။ လက်တွေကလည်း 'သော့်' ရဲ့ လက်တွေကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားမိသည် ။ ခပ်သေးသေး လက်အစုံကိုတော့ ဘယ်နည်းနဲ့မှ လွှတ်မချချင်တော့ပေ ။
                     မနေ့က ခြေဦးတည့်ရာ ပြေးလာကြရင်းမှ တွေ့တဲ့ ကားနဲ့ လိုက်လာကြခြင်းဖြစ်သည် ။ အခုချိန်မှာ သူတို့အတွက် ဦးတည်ရာ မရှိပေ ၊ ကားပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက်ဆင်းသွားကြပေမဲ့ 'နှိုင်း' တို့က ဘယ်ချိန်ထိ ကားပေါ်မှာ လိုက်ပါနေရမှန်းမသိ........။ စိမ်းသက်နေသော ဘေးပတ်ဝန်းကျင်မှ တစ်ဆင့် သူတို့ကို ဘယ်ထိ ဝေးဝေး ခေါ်သွားမလဲ မပြောတတ်‌ချေ။
                     ပတ်ဝန်းကျင်ကိုကြည့်ကာ အတွေးများနေရင်းမှ ဘေးက 'သော့်' ကို ငဲ့ကြည့်မိတော့ 'သော်' က 'နှိုင်း' ပုခုံးပေါ်မှာ အပြစ်ကင်းစွာပင် အိပ်ပျော်နေလေသည် ။ လက်တစ်ဖက်နဲ့ '‌သော့်' ရဲ့ မျက်နှာပြင်ကို ထိတွေ့မိတော့ လေပြေအေးရဲ့ ရိုက်ခတ်မှုကြောင့် 'သော့်' ရဲ့ ပါးပြင်က အေးစက်ကာ နေသည် ။ ထို့ကြောင့် လက်ဖဝါးပြင်နဲ့ ခပ်ဖောင်းဖောင်းပါးပြင်လေးကို နွေးစေရန် အသာပွတ်ပေးနေမိသည် ။ မနေ့ညက ပြောချင်တာပြောပြီး 'နှိုင်း' ကို ဆွဲခေါ်လာတာ သူမဟုတ်တဲ့အတိုင်း 'သော်' ဟာ အပူပင် ကင်းကင်းပင် အိပ်မောကျနေလေသည် ။

          " ကျွီ~~"

                     ထိုစဉ် ကားဆရာရဲ့ ရုတ်တရက်ကြီး ဘရိတ်အုပ်လိုက်မှုကြောင့် ရှေ့ကို ကျမသွားအောင် 'သော့်' ရဲ့ ပုခုံးနဲ့ ခေါင်းကို ထိန်းကိုင်ပေးလိုက်ရသည် ။ ကားဆရာက ကားမှန်ကနေ တစ်ဆင့် နောက်ကို လှမ်းကြည့်ရင်း-

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now