အပိုင်း (၅၀)

531 17 1
                                    

Unicode

          " 'နှိုင်း'! မင်း အခုထိအိပ်ယာကမထသေးဘူးလား "

                    ရေချိုးခန်းထဲကနေထွက်လာတဲ့ 'သော်' က ဆူအောင့်အောင့်အော်လိုက်ရင်း 'နှိုင်း' အိပ်နေတဲ့ ကုတင်ဆီကိုလျှောက်လာလေသည် ။ 'နှိုင်း' ကတော့ တုပ်တုပ်ပင်မလှုပ်သေးပေ ။

          " 'နှိုင်း'......'နှိုင်း'! "

          " ဟင်......"

                     မှောက်အိပ်နေတဲ့ 'နှိုင်း' ရဲ့ နောက်ကျောပြင်ကိုအသာပုတ်ကာနှိုးလိုက်မှ အသံသဲ့သဲ့ထွက်လာလေသည် ။ သို့ပေမဲ့ မျက်လုံးကတော့ ပွင့်မလာပဲ တစ်ဖက်ကိုပင်လှည့်သွားလေသည် ။

          " ဟာ 'နှိုင်း'! ထပါဆိုကွာ ၊ ငါ ဆိုင်သွားဖို့နောက်ကျတော့မယ် "

                   'နှိုင်း' ရဲ့ခန္ဓာကိုယ်ကို မနိုင်မနင်းဆွဲလှည့်လိုက်ရင်းထပ်နှိုးလိုက်မှ မျက်လုံးနည်းနည်းပွင့်လာလေသည် ။ ချက်ချင်းမထသေးပဲ မျက်မှောင်ကြုတ်ကြည့်ကာ မျက်လုံးတွေကို ပွတ်နေသည် ။

          " အခုမှအစောကြီးရှိသေးတာကို 'သော်' ရာ ၊ ခဏလောက် ပြန်အိပ်ရအောင်နော် လာ "

                   'နှိုင်း' က ထမလာသေးတဲ့အပြင် 'သော့်' ရဲ့လက်ကိုပင်ဆွဲကာ ဆွဲချလိုက်လေသည် ။ ရုတ်တရက်အဆွဲခံလိုက်ရသောကြောင့် 'သော့်' ရဲ့ ကိုယ်က 'နှိုင်း' ရဲ့ ဗလာပိုင်းဖြစ်နေတဲ့အပေါ်ယိုင်ကျသွားသည် ။ ကျရောက်လာသော 'သော့်' ရဲ့ ခန္ဓာကိုယ်ကို 'နှိုင်း' က ထပ်ပြီးတင်းကြပ်စွာပွေ့ဖက်လိုက်သည် ။

          " ဟာ 'နှိုင်း' ဖယ်စမ်းကွာ ၊ ဘာလုပ်တာလဲ အင့်! "

          " နေပါဦး ခဏလောက်ဖက်အိပ်ရအောင် "

          " မရဘူး! ဖယ်ပေး ၊ ငါ အဝတ်အစားလဲရဦးမယ် "

                    အတင်းရုန်းနေတဲ့ 'သော့်' ကြောင့် 'နှိုင်း' က အလိုမကျသလိုကြည့်လိုက်ရင်း သူ့ကိုယ်ပေါ်မှာရှိနေတဲ့ 'သော့်' ကို ဘေးကိုတွန်းပို့လိုက်ရင်း သူက 'သော့်' ရဲ့အပေါ်ကနေအုပ်မိုးလိုက်သည် ။ အခုတော့ 'သော်' က သူ့ရဲ့အောက်ကို ရောက်သွားကာ စူပုတ်ပုတ်မျက်နှာထားဖြင့် မော့ကြည့်နေလေသည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now