Zawgyi
ကျောင်လမ်းလေးအတိုင်း အိမ်ပြန်လာရင်း စက်ဘီးနောက်ခုံမှ 'သော်' က သူ့ကျောပြင်ကိုမှီကာ လိုက်လာသည် ။ နေမကောင်းဖြစ်ပေမဲ့ ခေါင်းမာလွန်းတဲ့ 'သော်' ကြောင့် သက်ပြင်းသာချမိသည် ။ ည အိပ်ရေးပျက်ရင်လဲ ကိုယ်ခံအားနည်းကာ ဖျားတတ်တဲ့ 'သော်' ၊ မိုးမိရင်လဲ အအေးပတ်ကာ ဖျားတတ်တဲ့ 'သော်' ရယ်ပါ......။
" 'သော်' အိမ်ပြန်ရောက်ပြီ "
မြေကြီးပေါ် ခြေထောက်ထောက်ကာ ရပ်လိုက်ရင်း ခပ်တိုးတိုးနှိုးလိုက်သည် ။
" ဟင်...အာ အင်း "
နီရဲနေတဲ့ နှာခေါင်းထိပ်ကို လက်ဖြင့်ပွပ်ကာ စက်ဘီးပေါ်က ဆင်းပြီး အိမ်ထဲ ဝင်သွားသည် ။
" ဟော သား 'သော်လေး' တောင် ပြန်လာပြီ "
" ဟုတ်ကဲ့ တ်ီလှ "
" သားကြည့်ရတာလဲ အားမရှိသလိုပဲကွယ် ၊ နေရောကောင်းရဲ့လား 'သော်လေး' "
အရိပ်တကြည့်ကြည့် ကြည့်နေသူများ ပီသစွာ 'သော်' နေမကောင်းတာကို တန်းပြီး ရိပ်မိကြသည် ။
" ကောင်းပါတယ် တ်ီလှရဲ့ ၊ နဲနဲပင်ပန်းနေလို့ "
" ဘာကောင်းတာလဲ 'သော်' ၊ မနက်က ကျောင်းမှာ ဆေးတိုက်ထားရတယ်မလား "
" ဟယ် ဟုတ်လား ဘယ်လိုဖြစ်တာလဲသားရယ် ၊ သက်သာရဲ့လား "
" အဲ့ဒါကြောင့် ပုံစံလေးက နွမ်းနေတာကို ၊ 'မြ' ရေ ကားပြင်လိုက် ဆေးခန်းသွားရအောင် "
" အာ ရပါတယ် တီလှရဲ့ သားတကယ် နေကောင်းပါတယ်ဆို ၊ ခေါင်းလေးနဲနဲပဲမူးတာ ခဏလောက်နားလိုက်ရင် ပျောက်သွားမှာပါ "
ခါးခါးသီးငြင်းနေသော 'သော့်' ကို အကုန်လုံးက စိတ်မသက်မသာဖြင့် ဝိုင်းကြည့်နေကြသည် ။ အဆင်ပြေတယ်ပြောတဲ့ ကောင်လေးက တစ်ကိုယ်လုံး သွေးမရှိသလို ဖြူဖျော့နေသည် ။ နေမကောင်းဖြစ်ရင် နှစ်ရက် သုံးရက်လောက် ဆက်ကာ ဖြစ်တတ်သော 'သော်' ကြောင့် လိုတာထက်ပိုပြီး စိတ်ပူနေကြတယ်ဆိုတာ မမှားပေ ။
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...