Zawgyi
နေရောင်ပျောက်နေသော ခပ်မှိုင်းမှိုင်း ကောင်းကင်ကို မော့ကြည့်ကာ ပျင်းရွဲ့ရွဲ့ သက်ပြင်းတစ်ချက် ချလိုက်သည် ။ ကျောင်းဆင်းချိန် နာရီဝက်လောက်ကျော်သည့် တိုင်အောင် 'နှိုင်း'ဟာ ပြန်ရောက်မလာသေး.......။ဒန်းကို သာသာလေး လွှဲကာ ခြေထောက်က မြေပြင်ကို တို့ထိဆော့နေသည် ။ ခပ်အေးအေး တိုက်ခတ်လာသော လေပြေနုကြောင့် ဝတ်ထားသော အနွေးထည်အပါးလေးကို ရင်ဘတ်ထိ ဆွဲစိလိုက်သည် ။" သား'ကသော်' ဖုန်းလာနေတယ် "
အိမ်ထဲမှာ သူနဲ့ 'နှိုင်း' အတွက် ညစာလာပြင်ပေးနေတဲ့ ဒေါ်ကြိုင်က ဖုန်းယူလာကာ သူ့ဆီလာပေးသည် ။ မြည်နေသော ဖုန်းကို ကြည့်လိုက်တော့ တီလှတို့ဆီကပင် ။
" ဟယ်လို တီလှ "
" သားသော်လေး နေမကောင်းဖြစ်တာ သက်သာရဲ့လား ၊ ဆေးခန်းသွားသေးလား သားလေး "
" သက်သာပါတယ် တီလှရဲ့ ၊ မနက်ဖြန်တောင် ကျောင်းလိုက်လို့ရနေပြီ "
" နေကောင်းလဲ အားရှိအောင် နားပါဦး သားရယ် ၊ 'နှိုင်း' လေးက ခွင့်နှစ်ရက်တိုင်ပေးထားတယ်မလား "
" ဟုတ်ကဲ့ပါ တီလှရယ် ၊ ကျောင်းမလိုက်စေချင်သေးရင် နားလိုက်ပါ့မယ် သားကို စိတ်မပူပဲနဲ့ အလုပ်ကိုပဲ စိတ်ဖြောင့်ဖြောင့်လုပ်ပါနော် "
" ဟုတ်ပါပြီကွယ် ၊ တီလှ သားလေးကို ပြောစရာရှိတယ် "
" ဟုတ်ကဲ့ "
" တီလှတို့ အလုပ်လေးတွေ မပြတ်လို့လေ ဒီမှာ နဲနဲ နေရဦးမယ်ထင်တယ် ၊ အမှန်ဆို တီလှတို့ ဒီည ပြန်လာမလို့ပဲ ဒါပေမဲ့ လချုပ်စာရင်းတွေကျန်နေသေးတာရယ် ရှင်းရမဲ့ စာရင်းတွေ စောင့်ရမှာရယ်ကြောင့် နဲနဲ ထပ်နေရဦးမယ် "
" လုပ်ငန်းတစ်ခုခုအဆင်မပြေဖြစ်လို့လား တီလှ "
အရိပ်အကဲ သိတတ်သော ကောင်လေးကြောင့် ဒေါ်မေလှ ခဏ စွံ့ အနေမိသည် ။ အမှန်တော့ သူမတို့ လုပ်ငန်းကို ဦးစီးလုပ်ပေးနေတဲ့ လူယုံ မန်နေဂျာ သစ္စာ ဖောက်သွားသောကြောင့် ဖြစ်သည် ။ လုပ်ငန်းတော်တော်များများကို ဦးစီးပေးနေတဲ့သူ ဖြစ်တဲ့ အတွက်ကြောင့် နစ်နာဆုံးရူံးမှု အရမ်းများသည် ။
နောက်အသစ်လုပ်မဲ့ လုပ်ငန်း Project ပေါက်ကြားသွားတဲ့အတွက်လဲ ထုတ်လုပ်မှုပိုင်းမှာ အရူံးပေါ်လာသည် ။ လချုပ် စာရင်းတွေလဲ အရမ်းကွာဟပြီး အလုပ်သမားတွေနဲ့လဲ လခ ညှိနှိုင်းရေးတွေ ပြန်လုပ်ရဦးမည် ။ လက်ခံထားတဲ့ လုပ်ငန်းကိစ္စတွေလဲ ဆက်မလုပ်နိုင်သောကြောင့် လျော်ကြေးကိစ္စများလဲ ရှင်းရပေမည် ။
လုပ်ငန်းတစ်ခုလုံးကို ဆုံးရူံးမသွားအောင် အရင်းအနှီးပိုစိုက်ထုတ်ပြီး ဖြေရှင်းရမည်ပင် ။ 'သော့်' မိဘတွေရဲ့ နောက်ဆုံးလက်ကျန် အမွေအနှစ်လေးမို့ ဆုံးရူံးမခံနိုင်သော်လဲ လတ်တလော သူမတို့ စွမ်းဆောင်နိုင်တာ ဘာမှမရှိတာမလို့ အကျပ်ရိုပ်နေကြသည် ။ သို့ပေမဲ့ ကောင်ငယ်လေးကိုတော့ ဘာမှပေးမသိချင်ပါ ၊ အပူပင်ကင်းကင်းနဲ့ပဲ ရှင်သန်စေချင်ပါသည် ။

YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...