Zawgyi
ကျောင်းကပြန်လာလာချင်း လွယ်အိတ်ကို ဆိုဖာပေါ် ပစ်တင်ကာ လှဲအိပ်လိုက်သည် ။ ဗိုက်ထဲက ဆာသလိုလိုရှိပေမဲ့ ရေခဲသေတ္တာထဲတွင်လဲ ဘာမှရှိမည်မဟုတ် ။ အိမ်ကနေ ဆင်းလာတာ တခြားချိန်မှာ နောင်တမရပေမဲ့ ဗိုက်ဆာတဲ့အချိန်တော့ နောင်တရသည် ။
" Ring Ring Ring "
အိပ်နေရင်းမှ ဖုန်းသံကြောင့် လူးလဲထကာ ကိုင်လိုက်တော့ တစ်ဦးတည်းသော အကိုဆီကပင် ။
" အင်း ကိုစည် ပြော "
" အေး 'ဘုန်းမင်း' နေရတာ အဆင်ပြေရဲ့လား လှမ်းမေးတာ ၊ အကုန်လုံးတော့ စီစဉ်ပေးထားတာပဲ ၊ မင်းတစ်ယောက်ထဲ ဆိုတော့ အဆင်မပြေဖြစ်နေမှာစိုးလို့ "
" နေရတာကတော့ အဆင်ပြေပါတယ် ၊ စားစရာပဲမရှိတာ "
" မင်းအတွက် သန့်ရှင်းရေးနဲ့ စားရေးအတွက် အဒေါ်ကြီး တစ်ယောက် လာလုပ်ပေးလိမ့်မယ် ၊ မနက်ဖြန်ကစပြီး အလုပ်ဆင်းမယ်ထင်တယ် ၊ ရေခဲသေတ္တာထဲ စားစရာတြွေဖည့်ပေးဖို့လဲ မောင်နိုင့်ကို ပြောထားပါတယ် ၊ ငါလဲ ရုတ်တရက်ကြီးစီစဉ်ပေးရတာဆိုတော့ လိုတာတွေတော့ ရှိမှာပေါ့ "
" အဲ့လိုဆိုရင်တော့ အဆင်ပြေပါတယ် ၊ မနက်ဖြန်တော့ ရမြှဖစ်မှာနော် ၊ ဗိုက်ဆာတယ်ဗျ "
" အေးပါကွာ ၊ ဒါနဲ့ မင်းကရော အဘွားကို တကယ်ကြီး စိတ်ဆိုးတာလား ၊ ပြန်မလာတော့ဘူးလား ၊ မင်းကလဲကွာ တစ်ယောက်ထဲ ရှိတော့တဲ့ အဘွားကို စိတ်ချမ်းသာအောင်ထားမှပေါ့ "
" ကိုစည်လဲ သားနေရာမှာဆို စိတ်ဆိုးမှာပဲလေ ၊ ဘယ့်နှယ် အသက်တောင်မပြည့်သေးဘူး မိန်းမပေးစားဖို့ ကြံစည်နေတယ်တဲ့ "
" ဟား ဟား ဘာလဲ မင်းကြိုက်တဲ့ ကောင်မလေး မဟုတ်လို့လား ၊ 'မမှီလေး' ကလဲ ချစ်စရာလေးပါကွာ "
" နေပါကိုကိုရာ ၊ ချစ်စရာကောင်းတယ်ဆိုတာ တခြားသူတွေအတွက် ဟုတ်ချင်ဟုတ်မှာပေါ့ ၊ 'မှီ့ ' အကြောင်း ကျွန်တော် အသိဆုံးပဲကို ၊ ငယ်ငယ်ကထဲက သူနဲ့ပဲ ပေါင်းလာရတာတောင် တော်တော် ငြီးငွေ့ နေပြီ...အဲ့ဒါကို တစ်သက်လုံး ဆက်ကြည့်နေရဦးမှာလား ကျွန်တော် ရူးသွားမှာပေါ့ "
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...