အပိုင်း (၂၈)

418 23 0
                                    

Unicode

          " ဟော သား'သော်လေး' နိုးပြီလား လာထိုင် "

          " ဟုတ်ကဲ့ တီမြ "

                  တီမြကို ပြန်ဖြေရင်း ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ တီမြက ကော်ဖီပန်းကန်ကို အလိုက်သင့်စွာ လာချပေးသည် ။

          " မနေ့တုန်းက ပြန်လာတာ နောက်ကျတယ်နော် သား "

          " အာ ဟုတ် ဟုတ်တယ် တီလှ ၊ မနေ့က 'မှီ' နဲ့ အပြင်ကနေ နောက်ကျမှပြန်ရောက်လို့ ဆိုင်ပိတ်တာလဲ နောက်ကျသွားတာ အဲ့ဒါကြောင့်........."

                   မနေ့ညက အိမ်ပြန်နောက်ကျလို့ စိတ်ပူစွာ ပြောလာတဲ့ တီလှ့ကို အဆင်ပြေသလိုပဲ ကြည့်ပြောလိုက်ရသည် ။ မနေ့ညက အကြောင်းစဉ်းစားမိတော့ တစ်ကိုယ်လုံးပူရှိန်းလာကာ နားရွက်ဖျားများပင် ရဲလာသည် ။

          " ဘာပဲဖြစ်ဖြစ် နောက်တစ်ခါတော့ နောက်မကျစေနဲ့ 'သော်လေး' ရယ် ၊ တီလှက သားကို စိတ်ပူနေရတာ ၊ မနေ့ကလဲ 'နှိုင်းလေး' လာကြိုလို့ တော်သေးတာပေါ့ မဟုတ်ရင် သားတစ်ယောက်ထဲ အိမ်ပြန်လာနေရမှာ "

          " ဟုတ်ကဲ့ပါ တီလှရယ် ၊ နောက်တစ်ခါ နောက်မကျတော့ပါဘူး ၊ ပြီးတော့ 'နှိုင်း' က သားကို အမြဲတမ်း အကြိုပို့လုပ်ပေးမှာ အဲ့ဒါကြောင့် စိတ်မပူနဲ့ နော်........."

          " မမလှရယ် 'သော်လေး' ကလဲ ကလေးမဟုတ်တော့ဘူး ၊ အရမ်းကြီး စိုးရိမ်မနေပါနဲ့ သူ့ဘာသာ နေပါစေ "

          " စိတ်မပူလို့တော့ ဘယ်ရမလဲ 'မြ' ရယ် ၊ ညည်းနဲ့ငါနဲ့က ဒီကလေးကို အပြည့်ဝလိုက်ပြီး စောင့်ရှောက်မပေးနိုင်ဘူးလေ ၊ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ "

          " 'မြ' တို့ စောင့်ရှောက်မပေးနိုင်လဲ 'နှိုင်းလေး' ရှိတာပဲ မဟုတ်ဘူးလား "

          " ကဲပါဗျာ တီလှရော တီမြရော စိတ်မပူရအောင်နေပါ့မယ် ဟုတ်ပြီလား "

          " ဟုတ်ပါပြီကွယ် ၊ စားစား 'သော်လေး' ပြီးရင် ဆိုင်သွားရဦးမယ်မလား "

          " ဟုတ်ကဲ့ "

          " ဒီမုန့်လေး စားကြည့်.........ဟင် သား 'သော်လေး' နှုတ်ခမ်းက ဘာဖြစ်တာလဲ နီရဲပြီး သွေးစို့နေတယ် "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now