အပိုင်း (၂၇)

404 16 2
                                    

Unicode

          " 'ဆက်' ရောက်နေတာ ကြာပြီလား......."

                  ထုံးစံအတိုင်း Hoodie အဖြူရောင်နဲ့ ဂျင်းအနက်ရောင် တွဲဝတ်ထားတဲ့ 'ဆက်' ကို ခပ်လှမ်းလှမ်းအကွာလောက်ကနေ ပြောလိုက်သည် ။ သူ့အသံကြားတော့ 'ဆက်' က ပြေးလာကာ သူ့ကို ဆွဲဖက်လိုက်သည် ။
                 
          " ကျွန်တော် ကိုကို့ကို လွမ်းနေတာ "
         
                နားနားလေးမှာ ခပ်တိုးတိုးပြောလာသော 'ဆက်' ကြောင့် ပြုံးလိုက်မိသည် ။ နှစ်ရက်လေး မတွေ့ရတာကို အဖြစ်သည်းနေသော 'ဆက်' က ကလေးတစ်ယောက် အလားပင်.......။
               
          " နှစ်ရက်ထဲ မတွေ့ရတာကို 'ဆက်' ရာ "

                ပုခုံးပေါ်မေးတင်ကာ ချွဲနေသော 'ဆက်' ကို နောက်ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးရင်း ပြောလိုက်သည် ။

          "နှစ်ရက်က များတာပေါ့ ကိုကိုရ ၊ ကိုကိုက ကျွန်တော့်ကို မလွမ်းလို့လား.........."

                  လူချင်းပြန်ခွာကာ သူ့ကိုကြည့်ပြီး ခပ်မဲ့မဲ့ မေးလာသော 'ဆက်' ကို ခေါင်းခါပြလိုက်သည် ။

          " အင်း ၊ 'စည်သူ' နဲ့ အဆင်ပြေရဲ့လားပဲ စိတ်ပူတာ ၊ တစ်ခုခုများ အဆင်မပြေဖြစ်နေမလားလို့လေ........."

          " ကိုစည် နဲ့က အဆင်ပြေပါတယ် ၊ တစ်ခုပဲ........"

                  စကားကိုဆက်မပြောပဲ ရပ်သွားသော 'ဆက်' ကြောင့် စိတ်ပူသွားမိသည် ။ 'ဆက်' က ပြောရခက်ဟန်ဖြင့် အောက်နှုတ်ခမ်းကို ဖိကိုက်ထားကာ ခေါင်းငုံ့ထားသည် ။

          " ဘာဖြစ်လို့လဲ 'ဆက်' "

          " အဲ့ဒါက........၊ ဒီရက်ပိုင်းအတွင်း ကျွန်တော် အဘွားဆီပြန်ရမယ် "

                 သူ့ကိုကြည့်ကာ ပြောလာသော 'ဆက်'က ငိုတော့မည်ပုံစံပင်........။

          " အဘွားဆီပြန်မယ်? ကိစ္စတစ်ခုခုရှိလို့လား "

          " အထွေအထူးတော့မရှိပေမဲ့ ကိုစည်က ခဏ ပြန်လာခိုင်းနေတယ် ၊ ပြီးတော့ ဒီချိန်က အဘွားနဲ့ အဆင်ပြေအောင်နေရမယ်မလား........"

                 သူ့လက်အစုံကိုကိုင်ပြီး ပါးမှာကပ်ကာ ခပ်တိုးတိုးပြောလာသော 'ဆက်' က ရင့်ကျက်နေသယောင်........။ 'ဆက်' ပြောတဲ့ သူ့အဘွားနဲ့ အဆင်ပြေအောင်နေရမယ်ဆိုတာ သူတို့ကိစ္စကြောင့် ဆိုတာ 'လှိုင်း' ရိပ်မိပါသည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now