Zawgyi
မနက်ခင်းကျောင်းစတက်ချိန်ပဲ ရှိသေးသော်လည်း ဆရာမများ ရုန်းစု တီးတိုးနေကြသည် ။ စာသင်နေတဲ့ ဆရာမပင် စာအုပ်ကိုချကာ အတန်းပြင် ထွက်သွားသောကြောင့် ကျောင်းသား ကျောင်းသူများလည်း ပြတင်းပေါက်တွင် ဝိုင်းအုံကာ စပ်စုနေကြသည် ။
အတန်းအပြင်ဘက်တွင် အသံများကြားရသော်လည်း ဘာဖြစ်နေသည်ကို ခန့်မှန်း၍ မရ ။ ပညာရေးမှူးပဲ ကျောင်းဝင်စစ်သလား ၊ ကျောင်းသားတွေပဲ ရန်ဖြစ်၍လား ၊ ရုပ်ရှင်မင်းသား မင်းသမီးတစ်ယောက်ယောက်ပဲ လာ၍လား မသိတတ်ပေ ။" ပြသနာ တစ်ခုခုဖြစ်နေတာလား မသိဘူး ၊ ဆရာမတွေ အလုပ်ရူပ်နေပုံပဲ "
" ဟုတ်မယ် ၊ ဘာဖြစ်တာလဲ မသိဘူး ဧကန္တရန်ဖြစ်နေကြတာများလား ၊ ဆရာမအသစ်ရဲ့ အော်သံတော့ ကြားတယ် "
ဘေးနားမှာ တစ်ယောက် တစ်ပေါက် လာပြောနေသော 'သော်ယံ' နဲ့ 'ချမ်းလွန်း' စကားကို အာရုံမစိုက်မိ ။ ဆရာမမရှိတုန်း ခုံပေါ်ခေါင်းမှောက်ကာ အိပ်နေမိသည် ။ ဒီချိန် ကမ္ဘာကြီး ပြားသွားတောင် သူ မသိချင်ပါ ၊ အခုချိန် သူသိတာက တစ်ကိုယ်လုံး နူန်းခွေကာ ခေါင်းမူးနေသောကြောင့် တရေးလောက် ကောင်းကောင်းအိပ်ချင်နေခြင်းပင် ။
" 'သော်' နေမကောင်းဘူးလား "
နောက်ကနေ ကျော်ကိုပုတ်ကာ မေးလာသော 'ဘုန်းမင်း' ကြောင့် နောက်လှည့်ကြည့်ကာ ခေါင်းခါပြလိုက်သည် ။
" 'သော့်' ကြည့်ရတာ ထှိုင်းထှိုင်းမှိုင်းမှိုင်းနဲ့ နွမ်းနေသလိုပဲ "
" အင်း ခေါင်းနဲနဲမူးနေလို့ ၊ ဒါနဲ့ 'ဘုန်းမင်း' ခြေထောက်ကရော အဆင်ပြေရဲ့လား တော်တော်ထိခိုက်သွားတာလား "
" နဲနဲတော့ နာသေးပေမဲ့ အရမ်းမဆိုးတော့ပါဘူး ၊ နှစ်ရက်လောက်ဆို ပျောက်သွားမှာတဲ့ ဆရာဝန်ကပြောတယ် "
" တော်သေးတာပေါ့ ၊ 'ဘုန်းမင်း' ကတစ်ယောက်ထဲနေတာဆိုတော့ ဂရုစိုက်ဦး ၊ တခုခုဆို ငါတို့ကိုပြောနော် သိလား "
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...