အပိုင်း (၃၉)

313 14 0
                                    

Unicode

          " ညီ......"

                    အုံ့မှိုင်းနေသော ကောင်းကင်ကို ပြတင်းပေါက်က‌နေ အသက်မဲ့စွာ ငေးကြည့်နေတဲ့ 'နှိုင်း' က 'လှိုင်း' ခေါ်သံကြောင့် နောက်ကို ပြန်လှည့်ကြည့်လာသည် ။ ညဘက်တွေ အိပ်မပျော်ဘူးထင် ၊ မျက်ဝန်းပြာအစုံက အားဖျော့ကာ ထိုင်းမှိုင်းနေသည် ။

          " ညက အိပ်လို့မပျော်ဘူးလား ညီ ၊ မျက်ကွင်းတွေ ညိုနေတယ် "

                     ကိုကိုက 'နှိုင်း' ရဲ့ ဆံပင်ကို အသာဖွကာ မေးလိုက်တော့ 'နှိုင်း' က ခပ်ယဲ့ယဲ့‌လေးပြုံးရင်း ခေါင်းခါပြသည် ။

          " အိပ်ပျော်ပါတယ် ကိုကိုရဲ့......."

          " ညီ့ ကို ကြည့်ရတာ မလန်းမဆန်းနဲ့ ဘာတွေ အဆင်‌မပြေဖြစ်နေတာလဲ ကိုကို့ကိုပြောလေ ညီရာ......၊ ကျောင်းလဲမသွားဘူးဆို ဘာဖြစ်လို့လဲ ညီ "

                     ညင်သာစွာပြောလာတဲ့ ကိုကို့အသံထဲမှာ 'နှိုင်း' အပေါ်စိုးရိမ်ခြင်းတွေကို အထင်းသားတွေ့လိုက်ရသည် ။ ဒီရက်ပိုင်းတွေ အခန်းထဲမှာပဲ အချိန်ကုန်နေပြီး ကျောင်းမသွားတာလဲ ရက်အတော်ပင် ရှိနေလေသည် ။
                    
          " ညီ ဘာမှမဖြစ်ပါဘူး ကိုကိုရယ် ၊ ကျောင်းကလဲ ဒီရက်ပိုင်းတွေ သိပ်အရေးမကြီးလို့ မသွားတာပါ ၊ စိတ်မပူပါနဲ့ နော် "

                     ကိုကို့ကိုမော့ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်တဲ့ 'နှိုင်း' ကို ကိုကိုက ခေါင်းပြန်ငြိမ့်ပြလေသည် ။ သို့ပေမဲ့ မျက်ဝန်းတွေကတော့ စိုးရိမ်ခြင်းမကင်းစွာ ငေးကြည့်နေသည် ။

          " အစားရော ပုံမှန်စားရဲ့လား ညီ ၊ ကိုကို့စိတ်ထဲ ညီ့ကို ပိန်သွားတယ်လို့ ခံစားရတယ် ၊ ခြေထောက်က ဒဏ်ရာကရော သက်သာသွားပြီလား........"

                     ညှပ်ရိုးများပင် အထင်းသားပေါ်နေသော 'နှိုင်း' ကို ကြည့်ကာ အားမရစွာ မေးလိုက်သည် ။ အစားကောင်းကောင်းမစားတာလဲ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာ 'နှိုင်း' မမှတ်မိတော့ချေ ။ ခြေထောက်က ဒဏ်ရာကလည်း အရှင်းကြီးတော့ မသက်သာသေးပေမဲ့ ပတ်တီးမစည်း ဆေးမထည့်ပဲ ပစ်ထားမိသည် ။
                     ဒဏ်ရာအကြောင်း စဉ်းစားမိမှ ဟိုတနေ့က 'သော့်' ရဲ့ လက်က ဒဏ်ရာကို တွေးမိပြီး စိတ်ပူသွားမိပြန်သည် ။ ဆေးကြောက်တဲ့ 'သော်' က ဒဏ်ရာကို ဆေးရော ထည့်ပါ့မလား ၊ ဒီတိုင်းပဲ ပစ်ထားလေမလား မသိပေ ။  'သော့်' အကြောင်း‌တွေးမိပြန်တော့ နင့်နင့်သည်းသည်း လွမ်းလာမိပြန်ပါသည် ။
                     ပျံ့လွင့်နေတဲ့ အတွေးတွေကြောင့် ခေါင်းကို အသာခါယမ်းလိုက်ရင်း-

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now