အပိုင်း (၃၁)

323 17 0
                                    

Unicode

          " အမလေး 'နှိုင်း' ရယ် ၊ ရှာလိုက်ရတာ "

                    မနက်အစောစာကို Canteen မှာ တစ်ယောက်ထဲ ထိုင်စားနေတုန်း သူ့အနားကို အလျင်စလို ရောက်လာတဲ့ မယွန်းခက်တို့ သုံးယောက်.........။ သူ့စားပွဲဝိုင်းမှာ ဝင်ထိုင်ကြရင်း စကားအရင်မပြောပဲ အမောဖြေတဲ့သူက ဖြေ ၊ ရေသောက်တဲ့သူက သောက်နဲ့ အလုပ်များနေကြသည် ။ ဒီအမကြီး သုံးယောက်လုံးကို သူတွေ့လိုက်တိုင်း အမြဲတမ်း အလျင်စလိုဖြစ်နေချည်းပင် ၊ ဘာတွေ အလုပ်ရှုပ်နေကြမှန်း 'နှိုင်း' လဲ မသိ.......။

          " ဖုန်းခေါ်တာလဲ မကိုင်ဘူး ၊ နင့်ကိုရှာရတာ ငါတို့ ကျောင်းတစ်ပတ်ပြည့်တော့မယ် သိလား "

          " အေးလေ ၊ ငါတို့ဖုန်းခေါ်ရင် ဘယ်တော့မှ မကိုင်ဘူး ၊ Message ပို့လဲ ဝင်မဖတ်ဘူး ဒါနဲ့များ နင်ဘာလို့ ဖုန်းဝယ်ထားသေးလဲ ဟင် 'ကောင်းကင်မနှိုင်း' "

          " အလှကြည့်ဖို့နေမှာပေါ့ ၊ Social Media လဲ သိပ်သုံးတာမဟုတ်ဘူး ၊ တကယ်ပဲ ဘယ်လိုကောင်လေးမှန်းကို မသိတော့ဘူး နင့်ကို........"

                      သူ့ကိုရှေ့တည့်တည့်မှာထားကာ သုံးယောက်သား ဝိုင်းဆူနေကြပြန်သည် ။ ဆူလဲ ဆူချင်စရာပေ ၊ 'နှိုင်း' က ဖုန်းကို အယောင်ပြကိုင်ထားသလိုပင် ဖုန်းခေါ်တိုင်း ဘယ်တော့မှ ကိုင်လေ့မရှိ.........။ သူများတွေလို Social Media လဲ ကျယ်ကျယ်ပြန့်ပြန့်မသုံး.........။
                      'နှိုင်း' အတွက်ကတော့ ဘယ်သူနဲ့မှ အထွေအထူးဆက်သွယ်စရာမရှိဟု သတ်မှတ်ထားသည် ။ Contact list မှာလဲ 'သော်' တယောက်ထဲကိုပဲ မှတ်ထားတာဖြစ်ပြီး 'သော်' နဲ့လဲ နေ့တိုင်းတွေ့နေရတာဖြစ်လို့ ဖုန်းဆိုတာ ဂျောင်ထိုးထားရုံအပြင်ပိုမရှိပေ........။

          " ကဲ အမတို့ အပြစ်တင်ရုံပဲဆို နောက်မှပြောတော့ ကျွန်တော် အတန်းတက်ဖို့ သွားရတော့မယ် "

          " နေ နေပါဦး 'နှိုင်း' ရယ် ၊ ငါတို့ပြောစရာရှိတာတောင် မပြောရသေးဘူး "

          " အဲ့ဒါဆိုလဲ ပြောဗျာ ၊ အမတို့က လိုရင်းကိစ္စကိုမှ အရင်မပြောပဲ "

          " အေးပါဟယ် ပြောပါ့မယ် ၊ ဟဲ့ 'ရွှေပိုး' သူ့ကို ပြောပြလိုက်ဦး "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now