Jelly တွေဆီသို့ ကျေးဇူးတင်လွှာ

320 11 0
                                    

Unicode

Hi Guys!

အားလုံးပဲမင်္ဂလာပါ K.CanolaCole ဖြစ်ပါတယ်

Fiction ပြီးလို့ အကြာကြီးနေမှပြန်တွေ့ကြတာပါ

ဒီကြားထဲမှာ Fiction အသစ်လေးတစ်ခုပြင်နေတာနဲ့ နှုတ်ဆက်ဖို့ရာကြာသွားပါတယ်

အခုကျေးဇူးတင်စကားပြောပြီး Fiction အသစ်လေးကိုပါ တစ်ခါတည်းမိတ်ဆက်ပါမယ်

ပထမဆုံးက နိုလာ့ဆီကိုရောက်လာပေးခဲ့တဲ့ "တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန်" လေးကို ကျေးဇူးတင်ပါတယ်

ဒုတိယအနေနဲ့ကတော့ အစကနေ အဆုံးထိ အချိန်(၁) နှစ်ကျော်ကို မငြီးမငြူလိုက်လာပေးခဲ့တဲ့ Jelly-nim တို့ကို ကျေးဇူးအများကြီးတင်ပါတယ်
အပိုင်းတစ်ပိုင်းချင်းစီကို သေချာလေးဖတ်ပေးကြတယ်
Feedback လေးတွေပေးကြတယ်
Vote လေးတွေလဲ တစ်ပိုင်းချင်းစီသေချာပေးပေးကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်
နိုလာ့ကိုချစ်ပြီး Follow ပေးကြတဲ့သူတွေကိုလဲ အများကြီးချစ်ပါတယ် ❤️

အဲ့ဒီအရာလေးတွေက ရေးနေတဲ့တစ်လျှောက်လုံးတကယ်အားအင်ဖြစ်ခဲ့ရပါတယ်
ဆက်ရေးဖို့အတွက် အခက်အခဲရှိတဲ့အချိန်တိုင်းမှာ တရိပ်ရိပ်တက်နေတဲ့ Viewers တွေနဲ့ Vote တွေက နိုလာ့ကို ဆက်ရေးဖို့အတွက် တွန်းအားတွေဖြစ်ခဲ့တာပါ
အခုမှစာစရေးတဲ့ နိုလာ့ကို ဒီလောက်ထိလက်ခံပေးကြတာ တကယ်ပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ်
ဒီ Fiction ကို အဆုံးထိရေးနိုင်ခဲ့တာ Reader တွေကြောင့်ပါ ❤️
YOU GUYS MEAN A LOT TO ME!

ကျေးဇူးတင်စကားပြောပြီးပြီဆိုတော့ Fiction အသစ်လေးနဲ့ မိတ်ဆက်ရမယ်ပေါ့
On going ကတည်းကဖတ်တဲ့သူတွေဆို သိကြမှာပါ
နိုလာ့မှာ ရေးစရာတွေများနေလို့ ဘယ်တစ်ခုကိုအရင်ရေးရမလဲဆိုပြီး ဗျာများနေတာပေါ့
အခုဆက်ရေးမဲ့ဟာလေးက YiZhan OTP Fan Fiction လေးပါ
BXG & BJYX တွေရှိရင် စောင့်ကြည့်အားပေးကြပါဦးနော်
အသေးစိတ်ကိုတော့ Intro မှာ ပြောပြပါ့မယ်
နိုလာ့ရဲ့ Wall ထဲမှာ တစ်ချက်လောက် check ပေးပါ❤️

နောက်ဆုံးကတော့ နှုတ်ဆက်ရမဲ့အလှည့်ပေါ့
ညီမလေးတစ်ယောက်ပို့ပေးလာတဲ့ Author တွေအတွက် Question (10) ခု ဆိုတာလေးပြင်ထားပါတယ်
အဲ့ဒါလေးတွေဖြေပြီးတော့ပဲ နှုတ်ဆက်ပါ့မယ်

🎉 You've finished reading တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete) 🎉
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now