အပိုင်း (၉)

575 39 0
                                    

Zawgyi        

          " တူလေး ဘာဖြစ်လာတာလဲကွယ် ၊ ခြေထောက်မှာပဲ ပတ်တီးကြီးနဲ့ပါလား ၊ မောင်နိုင်ရေ ဒီမှာ 'ကိုဘုန်း' ကို လာတွဲပါဦး "

                     ကားပေါ်က ဆင်းဆင်းချင်း အော်ပြောလိုက်သော အဒေါ်ကြီးကြောင့် အိမ်ထဲကနေ မောင်နိုင် အလောတကြီး ပြေးထွက်လာသည် ။

          " ဟာ 'ကိုဘုန်း' ဘယ်လိုဖြစ်လာတာလဲ ၊ လာ လာ ကျွန်တော့်ကို တွဲ "

                    တွဲထားသော 'လှိုင်း' ရဲ့ လက်ထဲကနေ မောင်နိုင်က အသာဆွဲကာ အိမ်ထဲခေါ်လာသည် ။ 'လှိုင်း' ကတော့ နေရခက်ဟန်ဖြင့် အားနာသလိုကြည့်ကာ အနောက်ကနေ ခပ်ကုပ်ကုပ် လိုက်လာခဲ့သည် ။

          " အကို ဒီမှာ ခဏထိုင်ပါဦး "

                    'ဘုန်းမင်း' က ထိုင်ခုံမှာ ဝင်ထိုင်ရင်း 'လှိုင်း' ကိုပါ ထိုင်ရန် ပြောလိုက်သည် ။ 'လှိုင်း' က ပြာယာခတ်နေတဲ့ 'ဘုန်းမင်း' အိမ်က လူတွေကြောင့် ပို၍ အားတုံ့အားနာသာဖြစ်နေမိသည် ။

          " ပြောပါဦး 'ကိုဘုန်း' ရယ် ၊ ဘာတြွေဖစ်လာလဲ ဆိုတာ ၊ ဘာလဲ စက်ဘီးလဲလာတာလား "

          " ဒီညီလေး စက်ဘီးကို အကို့ကားနဲ့ ဝင်တိုက်မိတာပါ ၊ အရှိန်က အရမ်းကြီးမပါလို့ ဘာမှတော့ သိပ်မဖြစ်ပါဘူး ၊ အကို သူ့ကို ဆေးလဲ ထည့်ပေးထားပါတယ် "

          " ဗျာ!! ကားနဲ့ ဝင်တိုက်မိတယ် ၊ ဘယ်နားထိမိသွားသေးလဲ 'ကိုဘုန်း ' ၊ အဒေါ်ကြီး ဘာလုပ်နေတာလဲ ဆရာဝန်ဆီ ဖုန်းဆက်ပေးပါဦး "

                     ပတ်တီးစည်းထားသော ခြေထောက်ကို ကိုင်ကာ ပြာပြာသလဲ ပြောလိုက်သော မောင်နိုင်ကြောင့် အဒေါ်ကြီးကလဲ ဖုန်းဆီကို အ‌ပြေးအလွှား လျှောက်သွားသည် ။

          " ဟာ ရပါတယ် ကိုမောင်နိုင်ရာ ၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး ၊ အဒေါ်ကြီး မဆက်နဲ့တော့ တကယ်ဘာမှမဖြစ်ဘူး "

          " ဘာမှမဖြစ်တာ သေချာရဲ့လား 'ကိုဘုန်း' ရယ် ၊ အဲ့ဒါကြောင့် ကျွန်တော် မပြောဘူးလား ၊ စက်ဘီးလဲ မစီးတတ်ပဲနဲ့ မယူသွားပါနဲ့လို့ ၊ 'ကိုစည်' သာ သိရင်တော့ ကျွန်တော် သေတော့မှာပဲ "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now