Zawgyi
" 'သော်' ရေ ငါ ရောက်ပြီဟေ့ "
ခြံရှေ့ ကနေ 'နှိုင်း' အော်သံကြားသောကြောင့် အိမ်ထဲကနေ လိုအပ်မဲ့ ပစ္စည်းများကို သယ်ကာ ထွက်လာခဲ့သည် ။ ခြံထဲက ခုံတန်းတွင်တော့ ခြေထောက်ချိတ်ကာ အခန့်သား ထိုင်နေသော 'နှိုင်း' ကို တွေ့ ရသည် ။
" 'နှိုင်း' မင်း လိုက်လာပြီးရင် ဘာမှ ဝင်မရှုပ်ရဘူးနော် "
" အင်းပါ 'သော်' ရာ ၊ ဒါကိုပဲ မှာနေတာ သုံးရာ ခြောက်ဆယ့် ရှစ်ခေါက်လောက် ရှိနေပြီ သိလား "
" အဲ့လောက်ပြောတာတောင် မင်းက စိတ်ချရလို့လား "
'နှိုင်း' ကို ခေါ်သာ ခေါ်ရတာ မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်သာ.......။ ပြောမရလို့သာ ခေါ်ခဲ့ရတာ တကယ်တမ်းကျ 'သော်' လဲ မနိုင်ပါ ။ အဲ့ဒါကြောင့် ကြိုတင်မှာထားတော့လဲ အမောင်နှိုင်း က နှုတ်ခမ်းတဆူဆူနဲ့......။
" 'ရှင်းကသော်စစ်' က အဆင်သင့်တောင် ဖြစ်နေပြီပေါ့ "
" ဪ 'မှီ' ရောက်လာပြီလား "
'သော့်' ဆီက အသံကြားလို့ လှည့်ကြည့်လိုက်တော့ ဆံပင်အညိုရောင်ခွေတွေကို သပ်ရပ်စွာ ဖီးသင်ထားတဲ့ ကောင်မလေး တစ်ယောက်.......။ အောက်ဘက်တွင် ဝဲကားနေသော Jeans ဘောင်းဘီကို ခါးပတ်ပတ်ကာ ဝတ်ဆင်ထားပြီး ပြောင်လက်နေသော နေကာမျက်မှန်ကို တပ်ဆင်ထားသည် ။
ဒါ 'သော်' ပြောတဲ့ 'တေးသွားမမှီ' ဆိုတဲ့ တစ်ယောက်ပဲ ဖြစ်ရမည် ။ နာမည်နဲ့ လိုက်ဖက်အောင် လှပကြော့ရှင်းတဲ့ မိန်းကလေးပင်......။ တစ်ဆက်ထဲမှာပဲ ရဲရင့်မှုတွေ ၊ ထက်မြက်မှုတွေကို ခံစားလိုက်ရသည် ။" 'မှီ' ဒါက ကျွန်တော့် သူငယ်ချင်းလေ 'ကောင်းကင်မနှိုင်း' တဲ့ ၊ အခု သူလဲ လိုက်ပြီး လေ့လာချင်တယ်ဆိုလို့ ခေါ်ခဲ့လို့ ရတယ်မလား "
'သော်' မိတ်ဆက်မပေးခင်ကထဲက ဘေးနားမှာ ရပ်နေတဲ့ တစ်ယောက်ကို သတိပြုမိနေခြင်းဖြစ်သည် ။ 'သော့်' ထပ် ခေါင်းတစ်လုံးကျော် ရည်လျားသော အရပ်နဲ့ တဖျတ်ဖျတ်တောက်နေသော အပြာဖျော့ရောင် မျက်ဝန်းတို့က ထင်းထွက်နေသည် ။ နဖူးပေါ်တွင် ကပိုပရို ဝဲကျနေသော ဆံပင်အနက်ရောင် အခွေများကို သပ်တင်ကာ သူမကို ကြည့်နေလေသည် ။
![](https://img.wattpad.com/cover/207147278-288-k167776.jpg)
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...