အပိုင်း (၄၉)

462 12 0
                                    

Unicode

          " 'သော်လေး'!! "

          " ကိုကို! "

                      ခြံထဲကိုမောင်းဝင်လာတဲ့ကားလေး ရပ်လိုက်သည်နှင့်တစ်ပြိုင်တည်း ကားပေါ်ကနေ အလျှင်အမြန်ဆင်းကာ ရပ်စောင့်နေတဲ့ 'သော်လေး' ကို ပြေးကာဖက်လိုက်သည် ။ 'သော်' ကလဲ တင်းကြပ်စွာပင် ပြန်ဖက်လိုက်ရင်း ဝေးကွာနေကြတဲ့ နှစ်တွေအတွက် အလွမ်းသယ်မိကြသည် ။

          " 'သော်လေး' ကို ကိုကို လွမ်းနေတာ "

          " ကျွန်တော်ရောပဲ-ကျွန်တော်ရောပဲ သတိရနေတာ "

                       တစ်ယောက်ကို တစ်ယောက်ဖက်ထားရင်းမှ တီးတိုးစွာ စကားဆိုမိကြသည် ။ ရင်ထဲတွင် ဒီ့ထပ်ပိုများသော စကားလုံးများဖြင့် ပြည့်နှက်နေသော်လည်း တကယ်တမ်းတော့ နှုတ်ခမ်း‌ဖျားမှ ထွက်ကျမလာပေ ။

          " ကိုကို နေကောင်းရဲ့လား ၊ ဒီအတောအတွင်းရော အဆင်ပြေပြေရှိနေရဲ့လား ဟင် "

          " အင်း ကိုကို အဆင်ပြေပါတယ် ၊ 'သော်လေး' ရော ဒဏ်ရာတွေ သက်သာနေပြီလား "

                     အခုမှ ဒဏ်ရာတွေကို သတိရကာ လူချင်းခွာပြီး ပျာပျာသလဲ ကြည့်မိတော့ ခြေထောက်တွင် ပတ်ထားတဲ့ ပတ်တီးလေးမှတစ်ပါး တခြား ကြီးကြီးမားမားမတွေ့ရပေ ။

          " ဘာမှသိပ်မထိခိုက်ပါဘူး ကိုကိုရဲ့၊ သက်သာနေပါပြီ "

          " တော်သေးတာပေါ့......"

          " 'သော်'! မတွေ့တာကြာပြီနော် "

                      ကိုကိုနဲ့ စကားပြောနေတုန်းမှ ကြားဖြတ်ကာ နှုတ်ဆက်လာတဲ့ 'ဘုန်းမင်း' ကြောင့် ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည် ။ 'ဘုန်းမင်း' ပုံစံက အရင်ကနဲ့ မတူပဲ တည်ငြိမ်ရင့်ကျက်လွန်းစွာရှိနေလေသည် ။

          " အင်း 'ဘုန်းမင်း' ရော လုပ်ငန်းတွေအဆင်ပြေရဲ့လား "

          " ကိုကိုနဲ့ ကိုစည့်ရဲ့ ကျေးဇူးကြောင့် အဆင်ပြေပြေပါပဲ ၊ ဒါနဲ့ ဟို ရှယ်ယာရှင်အသစ်နဲ့ရော အခြေနေဘယ်လိုလဲ 'သော်' "

          " အဆင်ပြေမှာပါ ၊ နောက်အပတ်ထဲတော့ ခြံတွေပတ်ကြည့်ဖို့ပြောထားတယ် ၊ 'ဘုန်းမင်း' လဲ အားရင်လိုက်ခဲ့လေ ၊ လေ့လာလို့ရတာပေါ့ "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now