အပိုင်း (၁၇)

417 31 0
                                    

Zawgyi               

                    နေရောင်က ပူပြင်းနေပေမဲ့ တစ်ချက်တစ်ချက်တွင် တိုက်ခတ်လာသော လေအဝှေ့ကြောင့် အနဲငယ် တော်ပါသေးသည် ။ လက်ထဲတွင်လဲ ယပ်တောင်ကို တစ်ဖတ်ဖတ်ခတ်ကာ စာကို အာရုံစိုက်ပြီး ဖတ်နေလိုက်သည် ။ ရှေ့ စားပွဲပေါ်တွင်တော့ စာအုပ်များအစား ဒေါ်ကြိုင်လာချပေးသော စားစရာများဖြင့် ပြည့်နှက်နေလေသည် ။
                  ကျောင်းနားထားရပေမဲ့ ဖြေရန်မလိုတော့သော စာမေးပွဲကြောင့် တစ်နှစ်ပတ်လုံး မလုပ်ခဲ့တဲ့ စာများကို အစကနေပြန်ကြည့်နေရသည် ။ ကိုကိုကလဲ ဘေးနားကနေ သူ့ကို ဂရုတစိုက် စာပြပေးသည် ။ ဒီစာမေးပွဲက အောင်မှ ဖြစ်မည် ၊ တက္ကသိုလ်တက်ချင်တဲ့ ရည်ရွယ်ချက်ထက် 'သော်'့ စိတ်ဆိုးပြေစေရန် ရည်ရွယ်ပါသည် ။
                  'သော်' နဲ့ စကားမပြောတဲ့ အချိန်အတွင်းမှာ သူ့ကိုယ်သူ အများကြီး ပြုပြင်ယူနေရသည် ။ နောက်တစ်ခါ ထပ်ပြီး 'သော့်' ကို စိတ်မပျက်စေလိုပါ......၊ အခုတလော ဖေဖေနဲ့လဲ ဆက်ဆံရေးမဆိုးလှပေ ။ အဆင်ပြေလှသည် မဟုတ်သော်လည်း ပြသနာတော့ မဖြစ်ကြ......။ 'သော်' နဲ့လဲ အမြန်ဆုံး ပြန်ပြီး အဆင်‌ပြေချင်ပါသည် ၊ 'သော်' နဲ့ စကားမပြောတဲ့ ရက်တွေက ယောင်ချာချာနှင့် အထီးကျန်လွန်းလှသည် ။

          " သား 'နှိုင်းလေး'.......၊ ဒီမှာ 'သော်လေး' ရောက်နေတယ် သား "

          " ဗျာ!! "

                   စာအုပ်ကိုင်ကာ အတွေးလွန်နေတုန်း အနောက်မှ လာပြောသော ဦးမင်း အသံကြောင့် လက်ထဲက စာအုပ်ပင် လွတ်ကျချင်လာသည် ။ 'သော်' က သူ့ဆီလာတယ်?? ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....။ မယုံတစ်ဝက် အံ့ဩတစ်ဝက်နဲ့ လှည့်ကြည့်လိုက်တော့ ဦးမင်း ‌အနောက်မှာ ရပ်နေတဲ့ 'သော်'.....၊ တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေကာ ပြေးလာရလို့ မော‌ပန်းဟန် ပေါက်နေသည် ။

          " ဟင်! 'သော်' ? ဒါ ဘယ်လိုဖြစ်လာတာလဲ ၊ ဘာဖြစ်လို့လဲ 'သော်' ၊ ဘယ်သူက ဘာလုပ်လိုက်လို့လဲ ငါ့ကိုပြော "

                  ပုံမှန်မဟုတ်သော 'သော့်' ပုံကြောင့် မရဲတရဲ အနားကပ်ကာ မေးလိုက်သည် ။ 'သော်' က သူ့ကို ခပ်စိမ်းစိမ်းကြည့်ကာ တိတ်ဆိတ်နေသည်.....၊ ပြီးမှ လက်တစ်ဖက် မြောက်တက်ကာ သူ့မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now