Unicode
" 'ကောင်းကင်မနှိုင်း' နဲ့ 'ရွှန်းလဲ့အိန္ဒြေ' က Officail တွဲနေကြပြီတဲ့........"
" ခွမ်း! "
ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာတဲ့ အသံအဆုံးမှာ တစ်ဆိုင်လုံးရဲ့ အာရုံက အရှေ့မှ Coffee Bar ဆီကို စုပြုံရောက်ရှိလာကြသည် ။ ဖုန်းကိုကြည့်ကာ တီးတိုးပြောနေကြတဲ့ ကောင်မလေးတွေကလဲ စကားဆက်မပြောနိုင်သေးပဲ တစ်စစီ ပြန့်ကြဲနေတဲ့ ခွက်ကွဲစတွေနဲ့ အတူ စီးကျနေတဲ့ ကော်ဖီတွေကိုသာ ကြောင်အစွာ ငေးကြည့်နေကြသည် ။
" အာ S-Sorry နော် ၊ ကျွန်တော် ပြန်ဖျော်ပေးပါ့မယ် "
'သော်' ကအရှေ့မှ Customer ကို ပြာပြာသလဲ တောင်းပန်လိုက်ရင်း ကော်ဖီခွက် အကွဲစတွေကို ဗန်းထဲ ပြန်ကောက်ထည့်နေသည် ။
" 'သော်'! "
" အကို 'သော်'.......ကျွန်တော် ရှင်းလိုက်ပါ့မယ် "
'သော့်' အနားကို အပြေးအလွှားရောက်လာကြတဲ့ 'မှီ' နဲ့ ဝန်ထမ်းအချို့က လက်ထဲတွင်လည်း ကြမ်းတိုက်ဝတ်တွေ ကိုင်ထားကြသည် ။ 'သော်' ကတော့ ဘာစကားမှ ပြန်မပြောနိုင်သေးပဲ တုန်ရီနေတဲ့ လက်အစုံနဲ့ ခွက်အကွဲတွေကိုသာ လိုက်ကောက်နေသည် ။
" ရ ရပါတယ်.......အာ့! "
" 'သော်'!!! "
ကွဲနေသော ခွက်အပိုင်းအစတွေကို ကောက်ထည့်နေရင်းမှ ခွက်ကွဲစတစ်စက 'သော့်' လက်ကို ရှသွားခြင်းဖြစ်သည် ။
" ရရဲ့လား 'သော်'......၊ သွေးတွေ အများကြီး ထွက်နေတယ် "
'မှီ' က 'သော့်' လက်ကို ကိုင်ကာ စိုးရိမ်တကြီး ပြောလာသည် ။ ခွက်ကွဲစက လက်သုံးချောင်းလုံးကို ရှမိသွားသောကြောင့် သွေးများက အဆက်မပြတ် စီးကျလာသည် ။ ရုတ်တရက်မို့ အကုန်လုံးကလည်း ဘာလုပ်ပေးရမှန်းမသိစွာ ကြောင်ကြည့်နေကြသည် ။
" ဆေး ဆေးထည့်မှ ရမယ် မမမှီ ၊ အကိုသော့်ကို အနောက်ထဲ ခေါ်သွားလိုက်ပါလား ၊ ဒါတွေကို ကျွန်တော်တို့ ဆက်ရှင်းလိုက်မယ် "

YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomantizmZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...