အပိုင်း (၂၉)

367 18 0
                                    

Unicode

          " ပစ္စည်းတွေ စုံပြီလား သေချာစစ်နော် ၊ လိုက်မဲ့ သူတွေကရော စုံပြီလား "

                  စာအုပ်နဲ့ ဘောပင်ကို ကိုင်ကာ အလုပ်များနေသော........'မှီ' ၊ ပစ္စည်းတွေနဲ့ လူအရေအတွက်ကိုလဲ သေချာစွာ စစ်နေရသည် ။

          " ကစားစရာအရုပ်တွေနဲ့ မုန့်တွေလဲ ကားထဲထည့်ပြီးသွားပြီ မမမှီ ၊ လိုက်မဲ့သူတွေ အကုန်လုံးလဲ ရောက်နေပြီ "

          " နေဦး မမမှီ ၊ P' 'သော်' နဲ့ P' 'နှိုင်း' မရောက်သေးဘူး "

          " အင်း ၊ 'မှီ' ဖုန်းဆက်ထားတယ် ခဏနေ ရောက်လိမ့်မယ် ၊ အချိန်လဲ လိုသေးတယ်မလား "

          " ဟုတ် ၊ လိုသေးတယ် "

          " အကိုသော်တို့ရောလိုက်မှာတဲ့ ၊ မိုက်လိုက်တာ "

          " ဟိုအကိုကြီး 'ကောင်းကင်မနှိုင်း' လဲ ပါမှာမလား ၊ နှစ်ယောက်တွဲပြီး မြင်ရတော့မယ် "

          " ဟဲ့ ဓာတ်ပုံရိုက်ဖို့ အဆင်သင့်ပြင်ထားနော် ဟိဟိ ၊ ငါတို့လဲ သူတို့နဲ့ တွဲရိုက်ရမယ် "

          " အေး ဟုတ်တယ် "

                   'နှိုင်း' နဲ့ 'သော်' ရဲ့ နာမည်ကြားတော့ ကောင်မလေးတွေကြားထဲ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံသွားသည် ။ 'စက်ငယ်' တို့ရဲ့ Page ကြောင့် 'နှိုင်း' နဲ့ 'သော်' ကို လူသိများကြလာပြီး HC လေးတွေတောင် ရှိနေပြီဖြစ်သည် ။

          " ဟော ဟိုမှာ Ge Ge တို့ လာနေပြီ မမမှီ "

                 မေးငေါ့ကာ ပြောလိုက်သော 'စက်ငယ်' စကားကြောင့် လှည့်ကြည့်လိုက်တော့ စတစ်အင်္ကျီကိုယ်စီနဲ့ ချည်ပုဆိုးကို တွဲဝတ်ထားကြတဲ့ '‌နှိုင်း' နဲ့ 'သော်' က ကားပေါ်ကနေ ဆင်းလာကြသည် ။

          " ငါတို့ကို စောင့်နေတာလား 'မှီ' ၊ ငါတို့ နောက်ကျသွားတာလား "

                  လက်မှာပတ်ထားသော နာရီကိုကြည့်ကာ အားတုံ့အားနာပုံစံဖြင့်မေးလာသော 'သော့်' ကို ခေါင်းခါပြလိုက်သည် ။

          " နောက်မကျပါဘူး 'သော်' ရဲ့ ၊ အချိန်ကိုက်ပဲ "

          " တော်သေးတာပေါ့ နောက်ကျနေပြီ ထင်နေတာ ၊ အဲ့ဒါဆို သွားမယ်လေ ဘာပစ္စည်းယူပေးရဦးမလဲ "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now