အပိုင်း (၁၆ )

405 26 0
                                    

Zawgyi       

         " ညီ့အတွက် ကိုကို စားစရာ ပြင်လာတယ် "

                  ဒေါ်ကြိုင် ပြင်ပေးလိုက်တဲ့ ထမင်းဟင်း စုံလင်စွာထည့်ထားတဲ့ ဗန်းကို စားပွဲပေါ်ချကာ ပြောလိုက်ပေမဲ့ 'နှိုင်း' က မော့၍ပင် ကြည့်မလာ......၊ စာအုပ်တစ်အုပ်ကိုပဲ သဲမဲစွာ ဖတ်နေလေသည် ။ ပြတင်းပေါက်မှ တိုင်ခတ်လာသော လေအဝှေ့တွင်လဲ ညီ့ဆံပင် အခွေလေးများက လှုပ်ခါနေသည်။
                  ကျောင်းနားရတဲ့ နေ့ကထဲက စပြီး ညီက အိမ်ထဲအိမ်ပြင်မပြောနဲ့ အခန်းထဲက အခန်းပြင်ပင် မထွက်ပေ......။ အမြဲတမ်းလိုလို စာဖတ်နေတတ်ပြီး ညီဟာ စာမေးပွဲအတွက် ပြင်နေပုံရသည် ။ သို့ပေမဲ့ ညီ့ရဲ့ တက်ကြွမှုတွေ ပျောက်ဆုံးနေတဲ့ ဒီလိုပုံစံကို 'လှိုင်း' တကယ် မနှစ်သက်.....၊ 'သော်လေး' နဲ့လဲ အဆက်သွယ် သိပ်မရှိတော့တဲ့ ညီက သူ့ရဲ့ အချိန်တွေကို အခန်းအောင်း စာဖတ်ရင်းပဲ ကုန်ဆုံးနေလေသည် ။

          " အစားစားချိန်မလွန်စေနဲ့နော် ညီ ၊ ကိုကို အပြင်ခဏ သွားပြီး ပြန်လာခဲ့မယ် "

                   တိတ်ဆိတ်နေသော ညီ့ထံမှ ပြန်ဖြေသံ မကြားရတော့ အသာ လှည့်ထွက်လာခဲ့သည် ။

          " ကိုကို "

                   လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တိုးညှင်းစွာ ခေါ်လာတဲ့ ညီ.....။

          " အင်း ညီ တစ်ခုခုမှာချင်လို့လား "

          " ညီ့ကို စိတ်ဆိုးနေတယ်မလား "

                   ဖြစ်ခဲ့သမျှ ကိစ္စတိုင်းအတွက် ညီ့ကို အပြစ်မဆိုမိ‌တော့ ညီဟာ သူ့ကို စိတ်ဆိုးနေတယ်လို့ ထင်ပုံရသည် ။ သူဟာ ဘယ်တုန်းကများ ညီ့အပေါ် စိတ်ဆိုးခဲ့ဘူးလို့ပါလိမ့်......၊ တကယ်ဆို သူ့ရဲ့ တာဝန်မကျေမှုတွေလဲ အများကြီး ပါဝင်နေခဲ့သည် မဟုတ်ပါလား.......။

          " စိတ်ဆိုးတယ် ဆိုတာထက် ကိုကို ညီ့ကို စိတ်ပူတာ ၊ ညီ တစ်ခုခုဖြစ်သွားမှာ တစ်ခုခုထိခိုက်သွားမှာ ၊ ညီ့ဆီမှာ ကိုကို မလိုလားတဲ့ ပြသနာတွေ ရှိနေမှာ ၊ ကိုကို ညီ့ကို မစောင့်ရှောက်ပေးနိုင်မှာ.....အဲ့ဒါတွေကို ကိုကို စိတ်ပူတာ "

          " ညီ တကယ်တောင်းပန်ပါတယ် ကိုကို ၊ နောက်တစ်ခါ ကိုကို စိတ်ပူအောင် ဘာမှမလုပ်ဘူးလို့ ကတိပေးပါတယ် "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now