အပိုင်း (၂၆)

386 18 0
                                    

Unicode

ကားကို ကျောင်းဘေးနားရပ်ထားကာ ကျောင်းလမ်းတစ်လျှောက်ကို လမ်းလျှောက်ပြီး ဝင်လာခဲ့သည် ။ အမှိုက်မရှိပဲ သေ‌သပ်နေတဲ့ လမ်းသွယ်လေးက နွေဦးရဲ့ သစ်ရွက်ကြွေတွေနဲ့ ပြည့်နှက်နေသည် ။ ဟိုတစ်စု ဒီတစ်စု ထိုင်နေကြသော ကျောင်းသားများကလဲ အရောင်သွေးစုံစွာ တည်ရှိနေကြသည် ။
များပြားနေသော ကျောင်းသားတွေနှင့် လမ်းတစ်လျှောက်ထောင်ထားသော ကြေငြာဆိုင်ဘုတ်များက အပြည့်ပင်.........။ ခုန ကြားခဲ့ရသော ကောင်မလေးတွေတစ်စုရဲ့ ပြောစကားအရ ဒီနေ့က ကျောင်းရဲ့ Fresher Welcome ပွဲဖြစ်ပြီး နာမည်ကြီးအနုပညာရှင်များ လာရောက်ဖျော်ဖြေမည်ဖြစ်သောကြောင့် လူအရမ်းရှုပ်နေသည်ဟု သိရသည် ။
'မှီ' နဲ့အတူ လမ်းတစ်လျှောက် ဟိုဟိုဒီဒီ ကြည့်ရင်း 'နှိုင်း' ပြောတဲ့ ပွဲကျင်းပမဲ့ ခန်းမကို လိုက်ရှာနေရသည် ။ 'နှိုင်း' က ပြင်စရာ‌‌ရှိလို့ ခပ်စောစောကထဲက ကြိုထွက်သွားပြီး သူတို့က နောက်ကနေ လိုက်လာခြင်းဖြစ်သည် ။ 'နှိုင်း' ပြောတဲ့အတိုင်း လျှောက်လာပေမဲ့ လူများတာကတစ်ကြောင်း ၊ လမ်းမကျွမ်းကျင်တာက တစ်ကြောင်း ရှာရတာ ခက်ခဲနေသည် ။ အတန်ကြာမှ ကျောင်းသားတွေ ရုန်းစုရုန်းစုနဲ့ ဝင်သွားသော ခန်းမကြီးကို တွေ့လိုက်ရသည် ။

" 'နှိုင်း' ပြောတာ ဒီနေရာဖြစ်မယ်ထင်တယ်နော် 'မှီ' "

သူ့အနောက်ကနေ ငြိမ်သက်စွာ လိုက်ပါသော 'မှီ့' ကို လှည့်ပြောလိုက်သည် ။ လူတွေရှုပ်နေတဲ့အပြင် အတော်အသင့် ပူပြင်းနေတဲ့ နေရောင်ကြောင့် 'မှီ့' မျက်နှာပြင်မှာ ချွေးစက်များဖြင့် ပြည့်နေသည် ။ လက်ထဲမှာ ကိုင်ထားတဲ့ တစ်ရှူးနဲ့ နဖူးကို အသာသုတ်ကာ သူ့ကို ပြန်‌ခေါင်းငြိမ့်ပြရင်း-

" ဟုတ်မယ်ထင်တယ် ၊ ဝင်ရအောင်လေ 'သော်' အပြင်မှာ အရမ်းပူတယ် "

'မှီ့' အပြောကြောင့် တုံ့ဆိုင်းမှု မရှိပဲ တခြားသူများနဲ့ အတူ ခန်းမထဲ ဝင်လိုက်သည် ။ ခန်းမထဲတွင် ပို၍ ပြည့်ကြပ်နေသော သူများကြောင့် ဝင်မိတာ မှားမှန်းသိလိုက်ရသည် ။

" လူတွေအရမ်းကြပ်နေတာပဲ 'သော်' ရယ် ၊ အသက်ရှူတောင်မဝချင်တော့ဘူး "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now