Unicode
အပြာရောင်ကောင်းကင်က တိမ်ကင်းကာကြည်စင်တောက်ပလို့နေလေသည် ။ ခပ်ဖြေးဖြေးတိုက်ခတ်လာသော လေပြေကြောင့် ချိတ်ဆွဲထားတဲ့ အပြာရောင် ပိတ်စလေးတွေက တလွင့်လွင့်ဖြစ်နေသည် ။
ဖြူစွတ်စွတ် သဲမြေပြင်နဲ့အပြာရောင်ပင်လယ်ပြင်ကျယ်ကလဲ လိုက်ဖက်ညီစွာရှိနေလေသည် ။ ပန်းများဖြင့်အလှဆင်ထားသော အခမ်းအနားကလဲ နေရောင်ဖျဖျအောက်မှာ လှပနေသည် ။
ခပ်နိမ့်နိမ့် အဖြူရောင် စင်လေးရဲ့ နောက်မှာ ရေးထားသည်ကတော့ မောင်ကောင်းကင်မနှိုင်းနဲ့ မောင်ရှင်းကသော်စစ်ဟူ၍ပင်ဖြစ်သည် ။ ထိုအရှေ့မှာတော့ အနက် Suit ကို သေသပ်စွာဝတ်ဆင်ထားတဲ့ 'နှိုင်း' ကို တွေ့ရလေသည် ။
မြင့်မားတဲ့အရပ် ၊ ဖြာချနေသော ရွှေအိုရောင်ဆံပင်ရှည်တွေနဲ့ 'နှိုင်း' က ကြည့်ကောင်းလွန်းလှပေသည် ။ အကျဉ်းချုံးလုပ်တဲ့ နှစ်ပတ်လည်ပွဲလေးမှာ လူက အများကြီးမရှိ ၊ 'မှီ' နဲ့ အတူ 'စက်ငယ်' တို့ အုပ်စုရယ် ၊ ကိုကိုနဲ့ 'ဘုန်းမင်း' ရယ် ၊ 'သော်ယံ' နဲ့ 'ချမ်းလွန်း' ရယ် နှင့် 'ရှိုင်းသက်' ရယ်သာ ရှိလေသည် ။
အကုန်လုံးက Dressed နဲ့ Suit ကိုယ်စီဖြင့် ချထားသော ခုံလေးမှာ ထိုင်နေကြလေသည် ။ အစစအရာရာ အဆင်ပြေနေတဲ့ ပွဲလေးမှာ လိုအပ်နေသည်ကတော့ 'သော်' တစ်ယောက်သာ ရှိလေသည် ။" P' 'နှိုင်း'! P' 'သော်' က မလာသေးဘူးလား "
" အင်း အဝတ်လဲနေတုန်းရှိသေးတယ် ၊ ပြီးရင် ကိုကိုနဲ့ အတူလာမယ်ထင်တယ် "
'စက်ငယ်' ရဲ့ အပြောကို 'နှိုင်း' က လက်မှနာရီကြည့်ကာ ပြန်ဖြေလိုက်သည် ။ အခမ်းအနားစရမည့်အချိန်က သိပ်မလိုတော့ပေမဲ့ P' 'သော်' က အခုထိရောက်မလာသေးသောကြောင့် မေးလိုက်ခြင်းဖြစ်သည် ။ ကတိကဝတ်ပြုပေးမည့် ဖာသာကလဲ အဆင်သင့်ပင်ရောက်နေလေသည် ။
" P' 'နှိုင်း' ၊ P' 'သော်' မလာသေးခင် ဧည့်သည်တွေကို သီချင်းဆိုပြီး အရင်ဖျော်ဖြေနှင့်ပါလား ၊ ဧည့်သည်တွေလဲ စောင့်ရတာ ကြာနေမှာစိုးလို့လေ ဟီး "
" အယ့် အဲ့ဒါကောင်းတယ် P' 'နှိုင်း' ၊ ဟိုမှာ Piano ရှိတယ်လေ P' 'နှိုင်း' တီးတတ်တယ်မလား "
![](https://img.wattpad.com/cover/207147278-288-k167776.jpg)
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...