အပိုင်း (၃၇)

310 18 0
                                    

Unicode

          " သား 'သော်'လေး.......'နှိုင်း'လေးက အခုထိမလာသေးဘူးလား "

                    ဧည့်ခန်းထိုင်ခုံကနေ ခြံဝကို တစ်မျှော်မျှော်လုပ်နေတဲ့ 'သော့်' အနားရောက်လာကာ တီလှက မေးလာသည် ။

          " ဟုတ်ကဲ့ တီလှ ၊ ဘာလို့ နောက်‌ကျနေလဲ မသိဘူး "

                     ဘေးနားဝင်ထိုင်လာတဲ့ တီလှကို ပြန်ဖြေလိုက်တော့ တီလှကလဲ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ခြံဝကို လှမ်းကြည့်သည် ။

          " ကိစ္စတစ်ခုခုများရှိနေလို့လား သားရယ် ၊ အိမ်သွားကြည့်လိုက်ပါ့လား "

          " ဟုတ်ကဲ့ တီလှ ၊ သားလဲ နောက်ကျနေပြီဆိုတော့ တစ်ခါတည်း ဆိုင်သွားလိုက်တော့မယ် "

          " ဟုတ်ပါပြီကွယ် ၊ သူငယ်ချင်းနှစ်ယောက် ရန်လဲဖြစ်မနေနဲ့ဦးနော် "

          " ဟုတ်ကဲ့ပါ တီလှရဲ့ ၊ သား သွားတော့မယ် "

          " ဂရုစိုက်သွားနော် 'သော်လေး' "

                      'သော့်' ကို ကလေးငယ်သဖွယ် ဂရုတစိုက်မှာကြားနေတဲ့ တီလှကို ခေါင်းငြိမ့်ပြရင်း အိတ်ကိုလွယ်ကာ တစ်ဘက်ခြံဘက် ထွက်လာခဲ့သည် ။
                      'နှိုင်း' တို့ ခြံဘက်မှာတော့ တစ်ယောက်မှ မတွေ့ရပဲ တိတ်ဆိတ်နေသည် ။ ခြံထဲတွင် ကားများအစီအရီထိုးထားပေမဲ့ လူတွေတော့ မတွေ့ရပေ ။ 'သော်' လဲ ပုခုံး‌ပေါ်က အိတ်ကို တင်းနေအောင်ကိုင်ကာ ခြံထဲကို ခုန်ဆွခုန်ဆွဖြင့် ကြည့်လိုက်သည် ။ ထိုအခါမှ ပန်းပင်တွေကြားမှာ ထိုင်ပြီး ပန်းခူးနေတဲ့ ဦးမင်းကို တွေ့ရ‌လေသည် ။

          " ဪ ဦးမင်းက ဒီမှာ ထိုင်နေတာကိုး ၊ သားက ဘယ်သူမှ မရှိဘူးလားလို့......."

                      'သော့်' ရဲ့ နှုတ်ဆက်စကားသံကြားမှ ဦးမင်းက ပန်းခူးနေရင်းမှ ထလာသည် ။

          " 'သော်'လေး ပါလား........၊ ဦးမင်းကို အော်ခေါ်လိုက်တာတော့ မဟုတ်ဘူးကွယ် "

          " ရပါတယ် ဦးမင်းရဲ့ ၊ သားက 'နှိုင်း' ဆီ လာတာ ၊ 'နှိုင်း' မနက်စာစားနေတာလား "

                      'သော့်' စကားအဆုံးမှာ ဦးမင်းက နားမလည်သလိုပြန်ကြည့်လာသည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now