Unicode
" အပြည်ပြည်ဆိုင်ရာ လေဆိပ် " ဟုရေးထားသည့် အဝင်ဝကနေမှ ကားကို ချိုးကွေ့ကာ Parking ဘက်ကို ဝင်လာခဲ့သည် ။ Parking မှ လွတ်နေတဲ့ တစ်နေရာမှာ ကားထိုးကာရပ်လိုက်သည် ။
လေဆိပ်ထဲတွင်တော့ ဧည့်ပို့ ဧည့်ကြိုကားတွေနဲ့ ခရီးသွားများက ရှုပ်ထွေးစွာ ရှိနေလေသည် ။ 'သော်' လည်း ဘေးဘက်ကို ဟိုဟိုဒီဒီကြည့်လိုက်ရင်း အတွင်းထဲကို ဝင်လာခဲ့သည် ။ လေယာဉ်စိုက်ချိန်ထက် အနည်းငယ်စောစွာ လေယာဉ်ကွင်းကို ရောက်ရှိနေသောကြောင့် ကြိုရမဲ့သူကို စောင့်နေရဦးမည် ။
လက်ထဲက နာမည်ရေးထားတဲ့ကဒ်ထူပြားကိုကိုင်ကာ ဘေးနားကခုံမှာ ဝင်ထိုင်လိုက်သည် ။ လက်မှပတ်ထားတဲ့ နာရီကိုကြည့်လိုက်တော့ သူစောင့်နေတဲ့ လေယာဉ်စိုက်ရောက်လာဖို့ မိနစ်အနည်းငယ်သာလိုတော့သည် ။ လေဆိပ်ထဲမှာတော့ တခြားစိုက်ရောက်လာတဲ့ လေယာဉ်များနဲ့ ခရီးသွားဧည့်သည်များဖြင့် ရှုပ်နေလေသည် ။ 'သော်' လဲ အသံလွှင့်တဲ့ နေရာမှ တာဝန်ရှိသူများရဲ့ ပြောကြားချက်များကို နားထောင်ရင်း နာမည်ဘုတ်ပြားကိုထောင်ကာ နေရာကနေထလိုက်သည် ။ ကြိုရမဲ့သူက တစ်ခါမှ မမြင်ဘူးတဲ့သူ ဖြစ်သောကြောင့် ခရီးသည်များထွက်လာမဲ့အချိန်ကို သေချာအာရုံစိုက်နေရသည် ။" အာ့! "
အရှေ့ကိုကြည့်ကာ မျှော်နေရင်းမှ အနောက်ကနေ သေးငယ်တဲ့ အရာတစ်ခုခုရဲ့ တွန်းတိုက်ခြင်းကို ခံလိုက်ရသည် ။ 'သော်' လည်းအလန့်တကြားဖြင့်နောက်ကို လှည့်ကြည့်လိုက်တော့ ကလေးငယ်လေးတစ်ယောက်က 'သော့်' ကိုမော့ကြည့်နေတာ တွေ့ရသည် ။
ပန်းရောင်ဂါဝန်အဝဲလေးနဲ့ ရွှေအိုရောင်ဆံပင်ရှည်တွေကြောင့် နိုင်ငံခြားခရီးသွားဖြစ်ဟန်တူသည် ။ ခုနက 'သော့်' ကို ဝင်တိုက်မိသောကြောင့် သူမလေးက မဝံ့မရဲဖြင့်ကြည့်နေလေသည် ။ 'သော်' လဲ ချစ်စရာကောင်းသော သူမလေးကြောင့် အသာပြုံးလိုက်ရင်း ဒူးတစ်ဘက်ချကာ ထိုင်ချလိုက်သည် ။" Hello! "
" မင်္ဂလာပါ မင်း သား လေး "
နိုင်ငံခြားသူထင်လို့ 'သော်' က နှုတ်ဆက်လိုက်ပေမဲ့ မြန်မာလို ပြန်ဖြေလာတဲ့ ကောင်မလေးကြောင့် 'သော်' အံ့ဩသွားမိသည် ။ ထို့ပြင် သူ့ကိုခေါ်လာတဲ့အသုံးနှုန်းလေးကြောင့်လဲ ပို၍ပင်သဘောကျစွာရယ်လိုက်မိသည် ။ ဒီကောင်မလေး ဘာလို့ ဒီလောက်တောင်ချစ်စရာကောင်းတာပါလိမ့်......။
" သမီးလေးက မြန်မာစကားပြောတတ်တယ်လား ၊ ဦးက သမီးလေးကို တခြားနိုင်ငံကထင်နေတာ "
![](https://img.wattpad.com/cover/207147278-288-k167776.jpg)
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomansaZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...