အပိုင်း (၄၆)

366 14 0
                                    

Unicode

          " အင်း 'သော်' ၊ ငါမနက်ဖြန်လာမှာလေ "

                    Speaker ဖွင့်ထားတဲ့ ဖုန်းကို ပြန်ဖြေလိုက်ရင်း ကားကို လမ်းသွယ်လေးထဲ ချိုးကွေ့လိုက်သည် ။ 'သော်' နဲ့ ဖုန်းပြောနေတဲ့ 'မှီ့' ပုံစံက တက်ကြွစွာ ရှိနေသလို တစ်ဘက်မှ ဖုန်းပြန်ဖြေနေတဲ့ 'သော့်' အသံကလဲ မြူးကြွနေလေသည် ။ အမှန်တကယ်လဲ 'သော်' နဲ့ တွေ့ရတော့မည်ဖြစ်သောကြောင့် ပျော်ရွှင်နေမိသည် ။ 'သော့်' ဆီကို မကြာခဏ သွားလည်ဖြစ်တယ်ဆိုပေမဲ့ နှစ်ယောက်လုံးကလဲ အလုပ်ကိုယ်စီမို့ ဆုံနိုင်ရန်ခဲယဉ်းလှသည် ။

          " ဒီတစ်ခါတော့ အချိန်ကြာကြာနေဖြစ်မယ်ထင်တယ် ၊ အလုပ်ကိစ္စတွေ ခဏရပ်ပြီး အနားယူချင်လို့လေ......."

                    'မှီ့' စကားသံကြောင့် ဖုန်းထဲကနေ 'သော့်' ရဲ့ ရယ်သံလွင်လွင်လေး ပေါ်ထွက်လာသည် ။ 'သော့်' ကြည့်ရတာလဲ 'မှီ့' ကို အချိန်အတော်ကြာ အနားယူစေချင်တဲ့ပုံပင် ၊ မဟုတ်ရင်တောင် အလုပ်တွေပဲ ဖိလုပ်နေလို့ 'သော့်' ဆီကနေ မကြာခဏဆိုသလို ဆူပူမှုကိုလဲ ခံရပေသည် ။

          " အင်း ၊ အခုက လမ်းမှာလေ မနက်ဖြန်အတွက် လိုအပ်မဲ့ပစ္စည်းလေးတွေဝယ်ပြီး ပြန်လာတာ "

          " လူပဲရောက်အောင်လာခဲ့ပါ 'မှီ' ရာ ၊ ငါတို့ဆီမှာ ဘာမှမလိုဘူး အကုန်ရှိတယ် ဟုတ်ပြီလား "

                    ခပ်အောင့်အောင့်ထွက်လာတဲ့ 'သော့်' ရဲ့ အလိုမကျတဲ့ စကားသံကြောင့် 'မှီ' ပြုံးလိုက်မိပြန်သည် ။ တကယ်တော့ 'သော်' ပြောတာလဲ မမှား‌ချေ ၊ 'သော်' တို့ဆီမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခြံထွက်အစားအသောက်ကစလို့ တခြားအသုံးအဆောင်ပစ္စည်းများအဆုံး ဝယ်ရန်အတွက် လွယ်ကူလှပေသည် ။ 'မှီ့' အနေနဲ့ အပင်ပန်းခံပြီးတောင် သယ်စရာမလိုပေမဲ့ 'မှီ' ကလည်း 'သော့်' အတွက် ဧည့်သည်ပဲဖြစ်သောကြောင့် လက်ဗလာဖြင့် အလည်သွားရန်တော့လဲ မသင့်တော်ပေ ။

          " လူလဲလာမယ် ၊ ပစ္စည်းတွေလဲ ပါမယ်လေ 'သော်' ရယ် ၊ အများကြီးလဲ မဝယ်လာပါဘူး မပူနဲ့ ၊ ငါက ခြံထွက်သီးနှံတွေကိုပဲ စားချင်တာ "

          " အင်းပါ ဟုတ်ပါပြီ "

          " ဪ ဒါနဲ့ ငါ နင့်ကိုကြိုပြောထားရဦးမယ်နော် 'သော်' ၊ ဒီတစ်ခေါက်လာတာက အလုပ်ကိစ္စထက် အနားယူဖို့ကိစ္စက ပိုအရေးကြီးတယ် ၊ အဲ့ဒါကြောင့် ငါ့ကို အလုပ်အကြောင်း‌တွေချည်း လာမပြောနဲ့နော် ဒါပဲ "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now