Zawgyi
" ကလင် ကလင်~~~ကလင် ကလင် "" 'သော်' ရေ..၊ ငါရောက်ပြီဟေ့ ထွက်လာခဲ့တော့ "
အိမ်ထဲဝင်မလာပဲ ခြံရှေ့ ကနေ အော်ခေါ်နေတဲ့ 'နှိုင်း' ကြောင့် စားလက်စ မနက်စာပင် နင်သွားရသည် ။
" ဟော သား 'သော်လေး' ၊ 'နှိုင်းလေး' ရောက်လာပြီထင်တယ် ၊ ခေါ်လိုက်ပါဦးကွယ် ဒီကလေးကလဲ ဝင်မလာပဲနဲ့ "
" နေပါစေတော့ တီလှရေ ၊ ဒီကောင် ဘာတွေအရမ်းကြီးနေလဲ မသိဘူး ၊ သားပဲ သွားလိုက်တော့မယ် "
" ဪ အေး အေး ၊ အဲ့ဒါဆိုလဲ ဂရုစိုက်သွားကြဦးနော် ၊ စက်ဘီးကို ဖြေးဖြေးလေးနင်းသွားကြ "
" ဟုတ်ကဲ့ ၊ သွားပြီနော် တီလှနဲ့တီမြ "
အဒေါ်များကို နူတ်ဆက်ပြီး လွယ်အိတ်နဲ့ ထမင်းချိုင့်ယူကာ ခြံဝကို ပြေးထွက်လာခဲ့သည် ။ ခြံရှေ့ မှာတော့ 'နှိုင်း' စက်ဘီးကို ဒေါက်ထောက်ကာ ရပ်နေပြီး မျက်နှာတွင်လဲ ပလာစတာများ ကပ်ထားသေးသည် ။
" 'နှိုင်း' အိမ်ထဲမဝင်ပဲနဲ့ ဘာလို့ အာပြဲကြီးနဲ့ အော်နေတာလဲ "
" ဟီး ဟို ငါ့မျက်နှာမှာ ဒဏ်ရာတွေနဲ့ဆိုတော့ တီလှတို့ တီမြတို့ မြင်ရင် စိတ်ပူနေမှာစိုးလို့ "
" အဲ့လိုသိတဲ့ကောင်က ရန်ဖြစ်သေးတယ်နော် ၊ ဒဏ်ရာက သိပ်တော့ မကျန်တော့ပါဘူး အမာရွတ်ပဲ ကျန်မယ်ထင်တယ် ၊ နာနေသေးလား "
" မနာတော့ပါဘူး 'သော်' ရဲ့ အဲ့လောက်ကတော့ အေးဆေးပါ "
" အေး အေး မင်းပဲ အေးဆေးနေလိုက် ၊ နောက်တစ်ခါ ရန်ဖြစ်ရင် ငါရုံးခန်းမလာတော့ဘူး ဒါပဲ "
လူကြီးလုပ်ကာ ဆူပူနေသော 'သော့်' ကိုကြည့်ကာ 'နှိုင်း' အသာရယ်လိုက်သည် ။ ဒီစကားက သူရန်ဖြစ်တိုင်း အမြဲတမ်း ပြောနေကြ....၊ ပြီးရင်တော့ 'သော်' က ရောက်လာစမြဲပါ ။
" ဘာရယ်တာလဲ မင်းက "
" မရယ်ပါဘူးကွာ ၊ လာ တက် သွားကြစို့ နောက်ကျနေမယ် "
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...