Zawgyi
ကျောင်းသားကျောင်းသူများ အတန်းရှေ့ တွင် ရုံးစုအုံကြွနေကြသည် ။ ဆရာမတွေကလဲ အတန်းထဲ ဝင်လိုက် ၊ ပြန်ထွက်သွားလိုက် ၊ တီးတိုးပြောလိုက်နှင့် ရူပ်ယှက်ခတ်နေသည် ။ သေချာတာကတော့ ပြသနာတစ်ခုခု တက်နေသည်ပင်......။ အတန်းထဲကစပ်စုတဲ့ မိန်းကလေးတွေကလဲ ဆရာမတွေအနား မယောင်မလည်နဲ့ ကပ်ကာ နားထောင်လိုက် ၊ အတန်းထဲ ပြန်လာပြီး ဖောက်သည်ချလိုက်နှင့် အတိအကျ အသေအချာတော့ ဘယ်သူမှ မသိပါချေ......။ နေမကောင်းလို့ ကျောင်းနှစ်ရက်နားပြီး ပထမဆုံး ကျောင်းပြန်တက်တဲ့နေ့ မှာ အရာအားလုံးက 'သော့်' အတွက် မျက်စိနောက်စရာတွေပဲ ဖြစ်နေသည် ။
" 'သော့်' နေကောင်းပျောက်သွားပြီလား "
ဟိုလူ့လိုက်ကြည့် ဒီလူ့လိုက်ကြည့်နဲ့ အလုပ်များနေတုန်း နောက်ကနေ ကျောပြင်ကို အသာပုတ်ကာ မေးလာသော 'ဘုန်းမင်း '........။
" အင်း 'ဘုန်းမင်း' ခြေထောက်ရော ၊ သက်သာသွားပြီလား "
" သက်သာသွားပြီ ၊ လမ်းတောင် ကောင်းကောင်းလျှောက်နိုင်နေပြီ "
" တော်သေးတာပေါ့ ၊ စာမေးပွဲက သိပ်မလိုတော့ဘူးလေ "
" ဟုတ်သား! 'သော်' ရော လွတ်သွားတဲ့ စာတွေ ပြန်ကူးပြီးပြီလား ၊ စာအုပ်ငှားပေးမယ်လေ "
" ရတယ် ကူးပြီးပြီ ၊ 'နှိုင်း' ကူးလာပေးတယ်လေ ၊ 'သော်ယံ' တို့ 'ချမ်းလွန်း' တို့တောင် ကူကူးပေးလိုက်သေးတယ် "
" ' ကောင်းကင်မနှိုင်း' ကကူးလာပေးတယ်!!? "
" အင်းလေ ဘာလို့လဲ "
'သော့်' ကို ကြည့်ကာ တအံ့တဩမေးလာတဲ့ 'ဘုန်းမင်း' ကြောင့် ကြောင်သွားသည် ။ သူပြောတာ ဘာမှားလို့လဲ......ဘာလဲ 'နှိုင်း' ကူးပေးတယ်ဆိုတာကို မယုံတာလား.......။
" မဟုတ်ဘူးလေ အဲ့နေ့ က 'ကောင်းကင်မနှိုင်း' လဲ 'သော်' နဲ့အတူ.........."
" 'သော့်'!!! "
အတန်းပေါက်ကနေ 'သော့်' နာမည် အော်ခေါ်ကာ ပြေးဝင်လာတဲ့ 'သော်ယံ' နဲ့ 'ချမ်းလွန်း' ကြောင့် 'သော်' လန့်သွားသည် ။
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomantikZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...
