အပိုင်း (၂)

1.4K 71 0
                                    

(Zawgyi)

           မိုးရာသီမနက်ခင်းတွေက အုံ့မှိုင်းစွာပင်.....။ ကောင်းကင်က မှောင်မဲ၍ ပြိုတော့မယောင်....။ လေပြည်များက အေးစက်စွာ တိုက်ခတ်နေသည် ။ အခန်းမှန်ပြတင်းပေါက်မှ အပြင်ဘက်ကိုငေးကြည့်ရင်း ခပ်ဆွေးဆွေးလေး ခံစားနေမိသည် ။

     "ဒေါက်! ဒေါက်! , သားကြီး ဖေဖေ ခဏ ဝင်လာခဲ့မယ်နော်.."

         အုံ့နေရင်းမှ ခပ်ဖွဲလေးလေး ရွာနေသော မိုးစက်များကိုကြည့်ကာ အတွေးလွန်နေတုန်း တံခါးခေါက်သံနဲ့အတူ ဖေဖေ ဝင်လာ
သည် ။

     " သားကြီး နိုးနေပြီလား...ဘာတွေစဉ်းစားနေတာလဲ.."

     " ဘာမှမဟုတ်ပါဘူး ဖေဖေ...ကိစ္စရှိလို့လား..."

     " အင်း...ဖေဖေပြောစရာရှိလို့..၊ ဖေဖေတို့ မန္တလေးကို တစ်ပတ်အတွင်း ပြောင်းရမယ်..၊ အဲ့ဒါ သား ပြင်ဆင်ထားရအောင်လို့ ၊ သားရဲ့ ကျောင်းကိစ္စအတွက်လဲ အကုန်စီစဉ်ပြီးပြီ ၊ ဒီကြားထဲ သားပြင်ဆင်ချိန်ရှိအောင်လို့ ကြိုပြောထားတာ..."

    " မန္တလေးကို ဘာကိစ္စနဲ့ ပြောင်းမှာလဲ ဖေဖေ...၊ ဘယ်လောက်ကြာမှာလဲ...."

    " အလုပ်ကိစ္စနဲ့ပဲပြောင်းမှာ....သားနားမလည်ပါဘူး..၊ အချိန်ကတော့ အတိုင်းအတာတစ်ခုထိ ကြာလိမ့်မယ် ၊ တစ်သက်လုံးလဲ ဖြစ်ချင် ဖြစ်သွားနိုင်တယ်..၊ သားလဲ အဲ့မှာပဲ ကျောင်းဆက်တက်လို့ ရတယ်လေ...အကုန်လုံး အဆင်ပြေနေတာပဲ "

     " အဲ့..အဲ့ဒါဆို 'ညီ' ကရော ဖေဖေ ၊ 'ညီ့' ကိုပြန်ခေါ်သင့်တယ် မလား....၊ အရမ်းငယ်သေးတဲ့ ကလေးကို နိုငိငံရပ်ခြား အဝေးကြီးမှာ တယောက်ထဲ ထားထားတာ မကောင်းဘူး ထင်တယ်...၊ 'ညီ့' ကို ပြန်ခေါ်ဖို့ရော ဖေဖေ့မှာ အစီအစဉ်မရှိတော့ဘူးလား..."

     " ဖေဖေ့အထင်ကတော့ သားငယ်အဆင်ပြေပါတယ်....သူ့ကိုတယောက်ထဲ ထားတာမှမဟုတ်ပဲ ၊ သူ့ကိုဝိုင်းဝန်းထိန်းကျောင်းပေးမဲ့ ဖေဖေ့ လူယုံတွေအများကြီးရှိတယ် ၊ သူ့ကိစ္စလိုက်လုပ်ပေးဖို့ အိမ်တော်ထိန်းတွေ အိမ်အကူတွေလဲ ထားပေးထားတယ် ၊ ငွေရေးကြေးရေး သုံးစွဲဖို့အတိုင်းအတာလဲ လိုအပ်တာ မရှိဘူး ၊ အဘက်ဘက်ကနေ ပြည့်စုံအောင် ထားပေးထားတယ်လေ ၊ ပြီးတော့ သားငယ် ကိုအခုမှ Paris ကို ပို့လိုက်တာ မဟုတ်ဘူး..၊ ဟိုး ငယ်ငယ်ကထဲကထဲက ပို့ထားတာ..၊ သားကြီးက အခုမှ ဘာလို့ အတင်းပြန်ခေါ်ချင်နေတာလဲ...."

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now