အပိုင်း (၁၅)

449 31 0
                                    

Zawgyi

မီးရောင်စုံဖြာကျနေတဲ့ Bar လေးအတွင်းမှာ သီချင်းသံလေးကလဲ ငြိမ့်ညောင်းစွာ ထွက်ပေါ်နေသည် ။ နှစ်ထပ်အဆောက်အဦးလေးရဲ့ အပေါ်ထပ်မှာတော့ အေးေ‌ဆးစားသောက်နိုင်မဲ့ စားသောက်ဆိုင်အပြင် သီးသန့်ပြုလုပ်ထားတဲ့ Beer Bar လေးနဲ့ အောက်ထပ်တွင်တော့ လူငယ်များ စိတ်ကြိုက်ပျော်ပါးနိုင်ဖို့ Club နဲ့ KTV များကို တွဲလျက်ဖွင့်ထားသည် ။
Beer Bar ရဲ့ ထောင့်အကျဆုံး အစွန်ဆုံးအနားမှာ ဝီစကီကို ရေရောရန် သတိမရပဲ ဦးကြည်သာတစ်ယောက် တစ်ခွက်ပြီး တစ်ခွက် မော့နေမိသည် ။ ရင်ထဲတွင်လဲ မွန်းကျပ်လွန်းလို့ ပေါက်ကွဲထွက်တော့ မတတ်ပင်.....။
ဘယ်နားကစပြီး မှားခဲ့တာလဲ....? ဘာအတွက် မှားခဲ့တာလဲ....? ဘယ်ထိဆက်မှားနေရဦးမှာလဲ....? ခေါင်းထဲတွင်လဲ အဖြေမရှိတဲ့ မေးခွန်းများက တဝဲလည်လည် တည်ရှိနေသည် ။ လည်ချောင်းတစ်လျှောက် ပူဆင်းနေသော အရည်များကလဲ သူ့ကို ဒီအတွေးတွေကြားကနေ မကယ်ထုတ်နိုင်ပေ ။

" ဟေ့‌ရောင် 'ကြည်သာ' "

ပုခုံးကို ခတ်ဆတ်ဆတ်ပုတ်ကာ ဘေးနား ဝင်ထိုင်လိုက်သူကို ကြည့်လိုက်တော့ 'ကမ္ဘာ' ဖြစ်နေသည် ။

" ဪ မင်း ရောက်လာပြီလား......အေ့ "

" မင်းကွာ! ငါ့ကို မစောင့်ပဲ ဘယ်လောက်တောင် သောက်ထားတာလဲ "

'ကြည်သာ့' ကို ဟောက်ကာ ဘေးနားဝင်ထိုင်ရင်း Waiter ကောင်လေး လာချပေးတဲ့ ဝီစကီကို အာစွတ်ရုံ သောက်လိုက်သည် ။ 'ကြည်သာ' ကတော့ သူ့ကို ပြန်ဖြေဖို့မအားသေးပဲ တစ်ခွက်ပြီး တစ်ခွက် မော့သောက်နေပြန်သည် ။ ပြီးမှ ငူငူငိုင်ငိုင်ကြီး သူ့ဘက် လှည့်ကြည့်ကာ -

" ငါ 'မနှိုင်း' ကို ကျောင်းနားခိုင်းလိုက်ပြီ "

" ဘာ! ကျောင်းနားခိုင်းတယ်? ဘာအတွက်လဲ!? "

'ကြည်သာ့' စကားကြောင့် သူက လှုပ်လှုပ်ရှားရှား ဖြစ်သွားပေမဲ့ 'ကြည်သာ' ကတော့ ဝီစကီ တစ်ခွက်ကို အရင်မော့လိုက်သေးသည် ။ 'ကောင်းကင်မနှိုင်း' နဲ့ ပက်သတ်ပြီး တစ်ခုခုပြောမယ်မှန်းသိပေမဲ့ ဒီလောက်ဆိုးမယ်လို့ မထင်ထား.....။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now