အပိုင်း (၃၀)

427 23 0
                                    

Unicode

                  မနက်အာရုဏ်တက်နေမထွက်သေးခင် အမှောင်ထုမပျယ်‌သေးချိန် ခြံဝင်းအကျယ်ကြီးရဲ့ ခပ်လှမ်းလှမ်းသစ်ပင်ကနေ ခြံထဲကို လှမ်းကြည့်ကာ ချီတုံချတုံဖြစ်နေကြသည် ။ ဒီနားမှာ ကားရပ်ထားတာ နာရီဝက်လောက် ရှိနေပြီဖြစ်ပေမဲ့ ခြံထဲဝင်ဖို့ တွေဝေနေကြသည် ။
                 
          " ငါတို့ ခြံထဲဝင်သင့်ပြီ 'ဆက်' "
         
                   ခပ်တိုးတိုးသတိပေးလာတဲ့ 'လှိုင်း' ရဲ့ စကားသံအဆုံးမှာ 'ဆက်' က လက်တွေကို ဆုပ်ကိုင်လာသည် ။
                  
          " ကိုကို အဆင်သင့်ဖြစ်ပြီလား "
         
          " အင်း ၊ ငါတို့ ဖြေရှင်းမှပြီးမဲ့ အရာတွေအတွက် တွေဝေမနေသင့်ဘူး 'ဆက်' "

                   'လှိုင်း' စကားကို ခေါင်းငြိမ့်ပြလိုက်ရင်း လက်ခုံကို ခပ်ဖွဖွနမ်းလိုက်သည် ။ ပြီးမှ ခြံနားထိကားမောင်းသွားကာ ဟွန်းတီးလိုက်တော့ ခြံစောင့်ဖြစ်ဟန်တူတဲ့ လူတစ်ယောက်က တံခါးလာဖွင့်ပေးသည် ။ အပြင်ဘက်က ကြည့်တာထက် ပိုကျယ်ဝန်းသော ခြံထဲမှာ သုံးထပ်တိုက်ကြီးက ခန့်ညားစွာ တည်ရှိနေသည် ။

          " ဟော 'ဘုန်းမင်း' ရောက်လာပြီလား ၊ 'လှိုင်း' လဲပါတာပဲ........၊ ဘွားရေ ဒီမှာ 'ဘုန်းမင်း' ပြန်လာပြီ "

                   ကားသံကြားလို့ထွက်ကြည့်တဲ့ 'စည်သူ' က သူတို့ကို နှုတ်ဆက်စကားဆိုလိုက်ရင်း အိမ်ထဲကို အော်ပြောလိုက်သည် ။ ထိုအခါမှ သူတို့လဲ ကားပေါ်ကနေဆင်းကာ အထုပ်အပိုးများကိုအောက်ချလိုက်ကြသည် ။ အိမ်ထဲကနေတော့ အသက် (၆၀) ကျော်အရွယ် အဘွားတစ်ဦးထွက်လာလေသည် ။ မျက်နှာတွင်လဲ သနပ်ခါးများလိမ်းကျံထားကာ အဘွားက အသက်ရွယ်နဲ့မလိုက်အောင် သွက်လက်ဖျတ်လတ်ရှိလှသည် ။

          " မြေး 'ဘုန်းမင်း' ၊ ဘွားကိုလဲ ကြိုမပြောပဲ ဘယ်ကဘယ်လိုရောက်လာတာလဲကွယ် ၊ ဘွားဆီ အပြီးပြန်လာတာလား 'သား' "

                  'ဘုန်းမင်း' ရဲ့လက်မောင်းကို ကိုင်ကာ အဘွားက အောက်မေ့တသစွာ ပြောလာသည် ။ 'ဘုန်းမင်း' က အဘွားရဲ့ လက်မောင်းကို မှီကာ ချွဲနွဲ့လိုက်ရင်း-

          " ဒါပေါ့ ဘွားရ ၊ သားက ဘွားကိုလွမ်းလို့ ပြန်လာတာ "

          " အမလေး ချွဲနေပြန်ပြီကွယ် ၊ ဘွားကို မခွဲနိုင်အောင် ချစ်ရင် ဒီလိုအကြာကြီး‌ပစ်ထားသွားပါ့လား "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now