အပိုင်း (၄၄)

334 13 0
                                    

Unicode

          " ဟေ့ရောင် စီးကရက်ပါလား "

                    လွယ်ထားတဲ့ အိတ်ကို ဘေးပစ်ချကာ အလျင်စလိုမေးလာတဲ့ 'ရှိုင်းသက် '......၊ ဒီကောင်ကတော့ စီးကရက်ဂျိုးလို့ပြောရလောက်အောင် လက်ကနေ စီးကရက်ကို မချတမ်းသောက်တတ်သည် ။

          " မပါဘူး ၊ ငါလဲ ဝယ်ရဦးမှာ "

                   ငြီးတွားစွာပြန်ဖြေလာတဲ့ 'ဝေယံ့' စကားအဆုံးမှာ 'ရှိုင်းသက်' မျက်နှာ ရှုံ့မဲ့သွားသည် ။ သူလဲ အိမ်ကနေအမြန်ထွက်လာရသောကြောင့် ဝယ်ဖို့မေ့နေခဲ့ပင်......။

          " ဟဲ့ 'သဉ္ဇာ' နင့်မှာရော ပါလား "

          " ဖြောင်း! "

                    ကြံရာမရသည့်အဆုံး ဘေးနားမှာထိုင်နေတဲ့ 'သဉ္ဇာ့' ကို မေးလိုက်တော့ ပါးစပ်ကအရင်မဖြေပဲ လက်က 'ရှိုင်းသက်' ကျောပြင်ကို အရင်ရိုက်လိုက်သေးသည် ။

          " ဘယ်မိန်းကလေးက စီးကရက်ဆောင်ထားတာတွေ့ဘူးလို့လဲ ၊ ငါ့ကိုရော မိန်းကလေးလို့ ထင်သေးရဲ့လား ဟမ် 'ရှိုင်းသက်' "

                    'သဉ္ဇာ့' ရဲ့ ခပ်စွာစွာစကားနဲ့အတူ စပ်ဖျင်းဖျင်းဖြစ်သွားတဲ့ ကျောပြင်ကြောင့် 'ရှိုင်းသက်' မျက်နှာ ပို၍ပင် ရှုံ့မဲ့သွားသည် ။

          " နင်ကလဲဟာ ဒါလေးမေးတာကို......"

          " တော်ပါတော့ 'ရှိုင်းသက်' ရာ ၊ ရော့ ဒီမှာ နောက်ဆုံးလက်ကျန်တစ်လိပ် ၊ အဲ့ဒါပဲ အရင်သောက်ထားလိုက် ၊ ပြီးမှ သွားဝယ်ကြတာပေါ့ "

                    'ဝေယံ' က သူတို့နှစ်ယောက်ကို ဟန့်တားလိုက်ရင်း အိတ်ထဲကနေ နောက်ဆုံးလက်ကျန် စီးကရက်တစ်လိပ်ကို ထုတ်ပေးသည် ။ ထိုအခါမှ 'ရှိုင်းသက်' မျက်နှာက ပြုံးခနဲဖြစ်သွားသည် ။ အနည်းငယ်အရာထင်နေသော စီးကရက်ကို နှုတ်ခမ်းထိပ်မှာ ဟန်ပါပါတေ့ရင်း မီးညှိ့လိုက်သည် ။

          " ဟူးး အခုမှပဲ အဆင်ပြေတော့တယ် "

                    ပါးစပ်ထဲကနေ ဆေးလိပ်ငွေ့တွေကို မှုတ်လိုက်ရင်း ဝဲကျနေတဲ့ဆံပင်ကို သပ်တင်ကာ ပြောလာသည် ။ 'သဉ္ဇာ' ကတော့ ဆေးလိပ်ငွေ့တွေကို လက်ဖြင့် ခါထုတ်လိုက်ရင်း 'ရှိုင်းသက်' နဲ့ ဝေးရာကို ရွှေ့သွားသည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now