အပိုင်း (၂၅)

403 16 0
                                    

Unicode

          " 1 2 3 4 round ၊ 5 6 7 8 အိုကေ ၊ နောက်တစ်ခေါက် 1 2 3 cha cha ၊ 4 5 shake 6 and 7 and 8 Yes! "

                 နံပါတ်စဉ် အဆုံးသတ်မှာ ခြေထောက်ကိုကားကာ လက်တွေကို မြှောက်လိုက်သည် ။ အကသင်ပေးနေတဲ့ စီနီယာ အကိုကလဲ သဘောကျစွာ လက်ခုပ်တီးလိုက်သည် ။

          " အရမ်းကောင်းတယ် ၊ ဒီတိုင်းပဲ ဆက်ပြီး လေ့ကျင့်ရမယ်နော် ၊ နောက်တစ်ခေါက် Start "

                နောက်ခံသီချင်းသံ ခပ်မြူးမြူးဖွင့်‌ပေးလိုက်‌တော့စည်းချက်ညီစွာ ကခုန်နေကြသည် ။ အဖွဲ့လိုက် အကဖြစ်တဲ့အတွက် မေဂျာပေါင်းစုံက အတူတကွ အကကျင့်နေကြခြင်းဖြစ်သည် ။ တီးလုံးနဲ့ အညီ လှုပ်ရှားမှုများက ကြည့်ကောင်းလွန်းလှသည် ။

          " ကဲ ကဲ အားလုံးခဏနားလို့ရပါပြီ ၊ အခု အကိုက ဓာတ်ပုံအတူတွဲရိုက်ရမဲ့ သူနဲ့ Performance အတူ တွဲလုပ်ရမဲ့ သူကို ကြေငြာပေးမယ် "

                စီနီယာ့ စကားသံအဆုံးမှာ အကုန်လုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။ မေဂျာအလိုက်မဟုတ်ပဲ လိုက်ဖက်မဲ့သူကို တွဲပေးမည် ဖြစ်သောကြောင့် တွဲဖက်ကောင်းရရန် စိတ်လှုပ်ရှားနေကြသည် ။ အထူးသဖြင့် 'ကောင်းကင်မနှိုင်း' ရဲ့ တွဲဖက်ဖြစ်ရန် စိတ်အားထက်သန်နေကြသည် ။

          " ပထမဆုံးအနေနဲ့ 'ကောင်းကင်မနှိုင်း'.........."

                'နှိုင်း' ရဲ့ နာမည်ခေါ်လိုက်တော့ အကုန်လုံးတိတ်ဆိတ်သွားသည် ။ 'နှိုင်း' ကလွဲပြီး အကုန်လုံးက စိတ်လှုပ်ရှားစွာ နားထောင်နေကြသည် ။ တစ်ယောက်ကိုတစ်ယောက်လဲ သူဖြစ်နိုးနိုး ငါဖြစ်နိုးနိုးနဲ့ အကဲခတ်နေကြသည် ။

          " 'ကောင်းကင်မနှိုင်း' က အရပ်ရှည်ပြီး ရုပ်တည်တော့ ဘယ်သူနဲ့ တွဲရမလဲ ဆိုရင်........"

          " ကျွန်တော် 'ရွှန်းလဲ့အိန္ဒြေ ' နဲ့ တွဲလို့ရမလား "

          " ဟမ်!! "

          " ဘာ! "

                စီနီယာ့စကားမဆုံးသေးခင် ကြားဖြတ်ပြောလိုက်သော 'နှိုင်း' ကြောင့် အကုန်လုံးက အံ့အားသင့်သွားကြသည် ။ ကာယကံရှင်ဖြစ်တဲ့ 'ရွှန်း' ကိုယ်တိုင်လဲ မယုံနိုင်ဖြစ်ကာ 'နှိုင်း' ကို လှမ်းကြည့်လိုက်သည် ။ 'နှိုင်း' ကတော့ အေးဆေးတည်ငြိမ်စွာပင် ရပ်နေလေသည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now