Zawgyi
ချွေးစေးများဖြင့်နိုးလာသော ကောင်လေး ပါးပြင်မှာလဲ မျက်ရည်များက စိုရွှဲစွာ......၊ စိတ်ထဲတွင်လဲ မောဟိုက်၍ ရင်အစုံက နိမ့်ချည် မြင့်ချည်....။ အသက်ကို ပြင်းစွာ ရှူသော်လည်း အသက်ရှူမဝ ။ အတန်ကြာ စိတ်ကို ငြိမ်အောင်ထားပြီး ဘေးနားခုံပေါ် တင်ထားသော ရေဘူးထဲမှ ရေကို ဖန်ခွက်ထဲ ထည့်ကာ သောက်လိုက်သည် ။
အနည်းငယ် စိတ်သက်သာရာရတော့မှ ဝဲကျနေသော ဆံပင်ကို သပ်တင်ကာ သက်ပြင်းဖွဖွချလိုက်သည် ။ စားပွဲပေါ်မှ နာရီကတော့ သုံးနာရီအတိ ကိုညွှန်ပြလျက်.....။ ပြန်အိပ်လို့ မရတော့တဲ့အတူ ဝရန်တာဘက် ထွက်လာခဲ့သည် ။ မဲမှောင်နေသော ကောင်းကင်တွင် ကြယ်များ တစ်လုံးစ နှစ်လုံးစသာ တွေ့ရသည် ။ ဝှေ့ပြီး တိုက်ခတ်လာသော လေညှင်းအရသာကို မျက်နှာမော့ကာ ခံယူ လိုပ်သည် ။
Accident အဖြစ်အပျက်များက အချိန်တစ်ခုကြာမြင့်ခဲ့သည် ဖြစ်သော်လည်း သူ့အတွက်ကတော့ မနေ့ကလိုပင် ။ ပြန်တွေးမိတိုင်း ထိတ်လန့်မှု ၊ နာကျင်မှု ၊ ကြေကွဲမှုတွေ ခံစားနေရတုန်းပင် ။ အတိတ်ဆိုးထဲမှ မရုန်းထွက်နိုင်သေးပေမဲ့ သူ့ကိုယ်သူတော့ မနည်းပြန်တည်ဆောက်ထားသည် ။
သူ ကိုယ်တိုင်လဲ ရုန်းထွက်ချင်ပါသည် ။ သို့သော်....သို့သော်.......၊ ထိုအကြောင်းအရာများက အိမ်မက်အဖြစ် ရောက်ရောက်လာဆဲ......၊ အဒေါ်နှစ်ယောက် နှင့် 'နှိုင်း' ကသူ့ဘေးနားမှာ ရှိနေပေး၍ တော်သေးသည် ။ မဟုတ်ရင် သူ့တောင့်ခံနိုင်ဖို့ရာ မသေချာပါ......။
ယောက်ယပ်ခတ်နေသော အတွေးများမှ မျက်ရည်များ စီးကျလာသည် ။ ထိုမျက်ရည်များက ဖေဖေနှင့် မေမေကို လွမ်း၍လား...၊ အထီးကျန်သိမ်ငယ်၍လား....၊ တစ်ယောက်ထဲ အားငယ်၍လား မသဲကွဲပါ.....။ သို့သော် မျက်ရည်များကို ကြာကြာကျခွင့် မပေးပါ....၊
'နှိုင်း'ပြောတဲ့ "မင်းမျက်ရည်တွေ ငါမုန်းတယ်။ " ဆိုသော စကားကြောင့် ယနေ့အထိ 'နှိုင်း' ရှေ့ တွင် မငိုမိတော့....။ လက်ခုံဖြင့် အသာအယာ သုတ်လိုက်သည် ။
ဝရန်တာတွင် ရပ်ပြီး တွေးတောနေတာ အချိန်မည်မျှကြာမှန်းမသိ...၊ ပဲပြုတ်သည် အသံကြားမှ အတွေးတို့ ပြန်လည်စုစည်း မိသည် ။ အချိန်လဲ မနည်းတော့ပြီမို့ ရေမိုးချိုးကာ မနက်စာ ပြင်ရန် အောက်သို့ ဆင်းလာခဲ့သည် ။ အဒေါ်နှစ်ယောက်နဲ့ ကြီးပြင်းခဲ့သောကြောင့် အချက်အပြုတ်က သူ့အတွက် မခက်ခဲပါပေ ။ သူကိုယ်တိုင် ဝါသနာပါသောကြောင့်လဲ ဖြစ်မည် ။
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
Любовные романыZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...
