အပိုင်း (၄၈)

425 11 0
                                    

Unicode

          " 'ခ' ရေ ဘာတွေကြည့်နေတာလဲ ၊ ဒီမှာ အထုပ်တွေကူချပေးလေကွယ် "

                     ခြံထဲက ပန်းပင်လေးတွေကိုအမြတ်တနိုးကြည့်နေရင်းမှ မမလှအသံကြောင့် အနောက်ကို လှည့်ကြည့်လိုက်တော့ အထုပ်အပိုးတွေကို သယ်ချနေကြတဲ့ အလုပ်သမားများကို တွေ့ရသည် ။ 'မေခ' လဲ လျှောက်ငေးမနေတော့ပဲ ကားဆီကို ပြေးသွားကာ အထုပ်အပိုးတွေကို ကူချပေးလိုက်သည် ။

          " ကဲ ပစ္စည်းတွေကတော့ အကုန်နေရာချပြီးသွားပြီ ၊ ဒီလောက်ဆိုရပါပြီ ၊ 'မြ' ရေ အလုပ်သမားတွေကို ပိုက်ဆံရှင်းပေးလိုက်ဦး "

          " ဟုတ်ကဲ့ မမလှ ၊ မောင်လေးတို့ ဒီဘက်မှာ ပိုက်ဆံလာယူပေးနော် "

                       မမမြ အပြောကြောင့် အလုပ်သမားများက တန်းစီကာပင် ကျသင့်ငွေကို ရှင်းယူနေကြသည် ။ မမလှကတော့ တံမြက်စည်းတစ်ချောင်းကိုင်ကာ အိမ်ပေါ်ထပ်ကို တက်သွားလေသည် ။
                       'မေခ' လဲ မမလှ လစ်တုန်း ခြံထဲကို အလျင်အမြန်ဆင်းပြေးလာခဲ့သည် ။ တကယ်ဆို အခုမှ ရောက်လာတဲ့ အိမ်အသစ်ကို ကျွမ်းဝင်စေဖို့အတွက် လျှောက်ပတ်ကြည့်ရန်လိုအပ်ပေသည် ။ အတော်အတန်ပင်ကျယ်ဝန်းသော ခြံထဲကို ပတ်လျှောက်လိုက်ရင်း 'မေခ' တစ်ယောက်ပျော်နေမိသည် ။ ဒီကိုပြောင်းလာဖို့ရန်အတွက် သူမကိုယ်တိုင် အရမ်းတက်ကြွခဲ့ရသည်မဟုတ်ပါလား ။
                       ပတ်ဝန်းကျင်အသစ် နေရာအသစ်မှာ 'မေခ' အတွက် အရာရာဆန်းသစ်လွန်းနေလေသည် ။ ခြံထောင့်မှာ တန်းစီထားတဲ့ ပန်းပင်လေးတွေကလည်း လှပလွန်းစွာပင် ။ 'မေခ' အတွက်ကတော့ မြို့ပြရဲ့ အရာသာကို အခုမှ ခံစားဘူးခြင်းဖြစ်လေသည် ။ လယ်ခင်း စိုက်ခင်းတွေကြားမှာ ရှင်သန်ခဲ့ရတဲ့ သူမအဖို့ မော်တော်ကားတွေ ‌ခေတ်မှီအိမ်တွေက ခံစားချက်အသစ်ကို ယူဆောင်လာပေးလေသည် ။

          " ဟဲ့ အဲ့ဒါဆို ဒီအပတ်ရုံတင်တဲ့ ကားသွားကြည့်ကြမလား "

          " ဟာမကြည့်ချင်ပါဘူး ၊ အဲ့ဒီမင်းသမီးကို ငါမှမကြိုက်တာ! "

          " ဒါပေမဲ့ မင်းသားက 'လွင်မိုး' လေဟယ် "

          " ကဲ! တော်ကြတော့ ၊ ဘာရုပ်ရှင်မှမကြည့်ရဘူး ၊ စာမေးပွဲက ဒီလောက်နီးနေတာကို စာပဲကျက်ရမယ် "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now