အပိုင်း (၂၂)

437 15 0
                                    

Zawgyi         

          " ဘယ်လိုလဲ 'သော်' ၊ ဆိုင်ကို စိတ်တိုင်းကျရဲ့လား "

                    အချိန်အတော်ကြာအောင် ပြင်ဆင်ပြီးတဲ့နောက်မှာ သူတို့ရဲ့ ဆိုင်လေး ဖွင့်ဖို့ရန်အထိ ပြီးပြည့်စုံသွားသည် ။ Sticker တွေ ကပ်ထားသော မှန်တံခါးကို ဖွင့်ပြီးတဲ့နောက် Coffee Counter နဲ့ မျိုးစုံသော Cake များကို စီတန်းချစရာ Bar တစ်ခု ပြုလုပ်ထားသည် ။
                    အောက်ဆုံးထပ်မှာ စားပွဲခုံများ သိပ်မထားပဲ တစ်ခုံနဲ့ တစ်ခုံ ကွာဝေးစွာ တည်ရှိနေသည် ။ မှန်ကို အသုံးပြုကာ ကာထားသောကြောင့် ဘေးပတ်ဝန်းကျင်ကိုလဲ ကောင်းမွန်စွာ မြင်တွေ့ ရသည် ။ တွဲလောင်းချထားသော မီးဆိုင်းများနဲ့ လှပသော နံရံကပ်ပန်းချီကားများကိုလဲ စီရီစွာ ကပ်ထားသည် ။ အခန်းကို လှည့်ပတ်ကြည့်ကာ စိတ်တိုင်းကျနေမိသည် ။

          " ထင်ထားတာထက် အများကြီး ပိုမိုက်တာပဲ ၊ 'မှီ' ရော သဘောကျတယ်မလား "

          " ဒါပေါ့ 'မှီ' တို့တွေ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ ၊ လာ အပေါ်ထပ်တွေ တက်ကြည့်ရအောင် "

                    အခန်းကို ဝေ့ကြည့်ကာ ခပ်ပြုံးပြုံးပြောလာသော 'မှီ' ကို ပြန်ပြုံးပြကာ ကြောင်လိမ်လှေကားအတိုင်း အပေါ်ကို တက်လာခဲ့ကြသည် ။

          " ဝါးးး "

                    ဒုတိယထပ်တွင်တော့ နံရံသုတ်ဆေးကို Baby Pink ရောင် သုတ်ထားပြီး အခန်းငယ်လေးများ ပြုလုပ်ထားသည် ။ နံရံတစ်ချပ်သာ ခြားတဲ့ အခန်းငယ်ထဲမှာ စားပွဲခုံများကို ခင်းကျင်းထားသည် ။ အခန်းတစ်ခန်းကို Group တစ်ခုဆီ ပြုလုပ်ထားဟန်တူသည် ။ တစ်ချို့အခန်းထဲမှာ Korea မိန်းကလေးပုံများ ကပ်ထားသလို ၊ တစ်ချိုးအခန်းထဲတွင်တော့ ယောကျာ်းလေးပုံများ ကပ်ထားသည် ။
                    နံရံခြားထားပေမဲ့ အလုံပိတ်အခန်းမဟုတ်ပဲ ဘေးဘက်တွေကို ကောင်းစွာ မြင်တွေ့ နိုင်သည် ။ အခန်းတစ်ခန်းဆီတွင် Poster များ ကပ်ထားပြီး ၊ ဘေးဘက်တွင်တော့ ထွက်ထားသမျှ album တွေကို စီရီစွာ တင်ထားသည် ။ အခန်းအားလုံးကို နံရံဘက် ဘေးပတ်ပတ်လည်တွင် ပြုလုပ်ထားခြင်းဖြစ်ပြီး အလည်တွင်တော့ ခပ်မြင်မြင့် စင်တစ်ခု ပြုလုပ်ပေးထားသည် ။
                    အကျွမ်းတဝင်မရှိတဲ့ 'သော်' တောင် ဒီလောက် သဘောကျမိနေရင် 'မှီ' ပြောပြောနေတဲ့ Kpopper လေးတွေဆို ဘယ်လောက်တောင် သဘောကျနေမလဲ မသိတတ်ပါ.....။ ဒုတိယထပ်နဲ့ ပက်သတ်ပြီး သူက ဘာမှဝင်မပါပဲ 'မှီ' တယောက်ထဲ စီစဉ်ခြင်းဖြစ်သည် ။ 'မှီ' ဟာလေ တကယ့်ကို မလုပ်နိုင်တာ မရှိတဲ့ 'တေးသွားမမှီ' ရယ်ပါ ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now