Unicode
စနေ တနင်္ဂနွေ ပိတ်ရက်ဖြစ်ပေမဲ့ ခပ်ဖြောက်ဖြောက် ကျနေသော မိုးကြောင့် လမ်းသွားရင်း မိုးဝင်ခိုသူများမှ လွဲပြီး ဆိုင်ထဲ လူသိပ်မရှိပေ..........။ ငြိမ့်ညောင်းစွာ ထွက်ပေါ်နေသော သီချင်းသံနဲ့ အတူ အေးစိမ့်စိမ့် ရာသီဥတုက လိုက်ဖက်ညီလှသည် ။
'သော်' လဲ ချောင်ကျတဲ့ ပြတင်းပေါက်ဘက်နေရာမှာ ထိုင်ရင်း စာအုပ်ဖတ်နေမိသည် ။ ဒီရာသီဥတုမျိုးနဲ့ စာအုပ်ဖတ်ခြင်းကလဲ လိုက်ဖက်ညီခြင်း တစ်မျိုးပင်.......။" 'သော်'.......ရေ ၊ ငါတို့ လာတယ် "
တိတ်ဆိတ်နေသော ဆိုင်အတွင်းကိုအော်သံနဲ့ အတူ ဝင်ရောက်လာတဲ့ 'သော်ယံ'........၊ 'နှိုင်း' နဲ့ 'ချမ်းလွန်း' ကလဲ ထီးကို ရေစစ်ကာ အနောက်ကနေ လိုက်ပါလာသည် ။
" ဪ 'သော်ယံ' တို့ပါလား ဘယ်ကပြန်လာကြတာလဲ "
သူ့အမေးကို မဖြေသေးပဲ ပါလာသော အိတ်များကို ချကာ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လာကြသည် ။
" ဘယ်ကမှ ပြန်မလာဘူး ၊ မင်းဆီကိုပဲ လာတာလေ ၊ 'နှိုင်း' ကို စောင့်ခိုင်းပြီး သူနဲ့ အတူ လိုက်လာခဲ့ကြတာ "
" အာ အဲ့ဒါဆို အိတ်တွေကရော ဘာလုပ်ဖို့လဲ "
" အိတ်တွေလား ၊ စာအုပ်နဲနဲပါးပါးပါတယ်လေ ၊ အိမ်ကို မင်းဆီ စာသွားကျက်မယ်ပြောပြီးထွက်လာတာ အဟီး "
" အေး အေး ကောင်းတယ် "
စားပွဲပေါ်က အိတ်များကို အသာပုတ်ပြရင်း တဟီးဟီးရယ်ကာ မျက်နှာချိုးသွေးစွာ ပြောလာသည် ။ 'နှိုင်း' ကတော့ တိတ်ဆိတ်စွာပင် သူ့ဘေးနားမှာ ထိုင်နေရင်း ရေစိုနေသော ဆံပင်များကို ရေခါနေသည် ။" အပြင်မှာ မိုးအရမ်းရွာလို့လား 'နှိုင်း' ၊ မင်း မိုး တော်တော် စိုလာတာပဲ "
ရွှေအိုရောင် ဆံပင်ခွေများမှာ စိုနေတဲ့ ရေစက်များကို လက်ဖြင့် ခါပေးရင်း မေးလိုက်တော့ 'နှိုင်း' က ခေါင်းတစ်ချက်ငြိမ့်ပြကာ တစ်ဘက်ကို မသိမသာ လှည့်သွားသည် ။ 'နှိုင်း' က ထူးခြားစွာ တိတ်ဆိတ်နေပြန်သည် ။
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...