အပိုင်း (၃)

983 60 0
                                    

Zawgyi   

           ‌နွေးထွေးတဲ့ နေရောင်ခြည်နဲ့အတူ ကျောင်းတက်ချိန် မနက်ခင်းက လှပလို့နေသည် ။ ခေါင်းလောင်းမထိုးသေးသောကြောင့် ဟိုတစ်စု ဒီတစ်စုဖြင့် ကျောင်းသားများ စည်ကားအလုပ်ရှုပ်နေကြသည် ။
          တည်ပင်တွေ ပတ်ပတ်လည်တွင် ခင်းထားသော ခုံပေါ်မှာတော့ ကျောင်းသား တစ်ယောက် တိတ်ဆိတ်စွာ ရှိနေသည် ။ ပြေးလွှားနေသော ကျောင်းသားများကို ငေးကြည့်လိုက် ကောင်းကင်မှ အစိုးမရနေသော တိမ်စိုင်များကို မော့ကြည့်လိုက်ဖြင့်.......တစ်ခါ တစ်ခါ သက်ပြင်း ခပ်ဖွဖွ ချသေးသည် ။

          လက်ထဲမှ ကိုင်ထားသော စက္ကူခေါက်လေးကိုတော့ဖြင့် ဖွင့်မကြည့်လိုဟန် အသာဆုပ်ကိုင်ထားသည် ။ မှုတ်ထုတ်လိုက်သော လေပူ အဝှေ့တွင် ရှေ့မှ ဆံပင်ခပ်ပျော့ပျော့များ လှုတ်ခတ်သွားသည် ။ မျက်မှန်အဝိုင်းအောက်က မျက်ဝန်းများကလဲ အရည်လဲ့စွာ ဝေဝါးနေသည် ။

       " ကိုကို...!! "

            မျက်လွှာချထားသော မြင်ကွင်းအောက်တွင် ဝင်ရောက်လာသော Shoes ဖိနပ်ဖြူဖြူ လေးနှင့် ခပ်စူးစူးလေးထွက်လာသော ခေါ်သံကြောင့် မော့ကြည့်လိုက်သည် ။ အဖြူ အစိမ်းကို သပ်ရပ်စွာ ဝတ်ထားသော ကောင်ငယ်လေးက သွားချွန်ချွန်လေးတွေ ပေါ်တဲ့အထိ ပြုံးပြနေသည် ။

      " ကိုကို ဒီမှာ ဘာလုပ်နေတာလဲ..."

      " အင်းးးး အခန်းဆီ မသွားချင်သေးလို့...'ဆက်' ကရော "

      " ကိုကို့ ဆီလာတာလေ...."

            လက်ညိုးသေးသေးလေးက သူ့ရင်ဘတ်ကို ညွှန်ပြကာ ပြောပြီး သူ့ဘေးက ခုံနေရာလွတ်တွင် ဝင်ထိုင်သည် ။ သူကတော့ လှုပ်ရှားမှုတိုင်းက ချစ်စရာကောင်းတဲ့ ထိုကောင်လေးကိုပဲ အသာငေးနေမိသည် ။ သူ့ထက် ငါးနှစ်နီးပါး ငယ်တဲ့ကောင်လေးက လူကြီးလေးလိုပင် စကားပြောတတ်သည် ။
             'ညီ' ရော ဒီကောင်လေးလို သွက်သွက်လက်လက် ရှိပါရဲ့လား.....။ ' ညီ' နဲ့ မတွေ့ဖြစ်တဲ့ နှစ်တွေမှာ ' ညီ ' နဲ့ ရွယ်တူဖြစ်တဲ့ ဒီကောင်လေးကို သံယောဇဉ်ဖြစ်ကာ ခင်တွယ်နေမိသည် ။ အခုတော့ ' ညီ ' က သူ့ဆီ ပြန်ရောက်လာပြီး သူက ဒီကောင်လေးအနားက ထွက်သွားရတော့မည် ။ တစ်ခုလိုချင်ရင် တစ်ခုကို ပေးဆပ်ရတယ်ဆိုတဲ့ လောကနိယာမက တကယ်ရှိသည်ပင် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now