အပိုင်း (၂၀)

439 26 0
                                    

Zawgyi

          " ဦးစိုင်းဟန်ရဲ့ သမီး 'တေးသွားမမှီ' ပါ "

                  ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ Shirt အင်္ကျီကို Jeans ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ 'မှီ့' ပုံစံ သွက်လက်မှုတွေ အပြည့်ပင်......။ အညိုရောင် ဆံပင်ခွေများကို သပ်တင်ကာ  မိတ်ဆက်လာသော 'မှီ့' ကို ကြည့်ပြီး ဒေါ်မေလှရော ဒေါ်မေမြပါ သဘောကျစွာ ပြုံးလိုက်မိသည် ။

          " ‌အေးကွယ် ၊ သမီးလေးက သွက်သွက်လက်လက်ရှိလိုက်တာ ၊ အန်တီက ဒေါ်မေလှ ၊ ဒါက အန်တီ့ ညီမေ‌ဒ်ါမေမြ ၊ ဒါကတော့ သမီးနဲ့ တွဲဖက်အလုပ်လုပ်မဲ့ အန်တီ့ရဲ့ တူလေး 'ရှင်းကသော်စစ်' တဲ့ "

          " တွေ့ ရတာ ဝမ်းသာပါတယ် "

          " ကိုစိုင်းဟန် ဆီကနေ သမီးရဲ့ သတင်းတွေ ကြားဘူးပါတယ် ၊ ဖေဖေ့ရဲ့ လုပ်ငန်းတွေမှာ တစ်နိုင်တစ်ပိုင် ဝင် ဦးစီးပြီး လုပ်ကိုင်နေတယ်ဆို ၊ ထက်မြက်တဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာပဲ "

          " အဟင်း နဂိုကထဲက စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ချင်တာက 'မှီ့' ရဲ့ ရည်ရွယ်ချက်မလို့ပါ ၊ အန်တီတို့ သတင်းတွေလဲ ဒယ့်ဒီ့ဆီက အများကြီး ကြားဘူးပါတယ် ၊ 'မှီ့'  ကူညီပေးကြပါဦးနော် "

                    သတင်းကြားထားတာထက် ပိုပြီး သွက်လက် ထက်မြက်ဟန်ရှိတဲ့ 'မှီ' ကြောင့် ဒေါ်မေလှ ကျေနပ်မိသည် ။ ဒီလောက်ဆို 'သော်လေး' ကို စိတ်ချနိုင်ကောင်းပါရဲ့.....။
                    ကိုစိုင်းဟန်နဲ့ သိခွင့်ရတာကိုက သူမတို့ အတွက် ကံကောင်းမှု ဖြစ်နေခဲ့သည် ။ ပြင်ဦးလွင်မှာ ခြံကိစ္စနဲ့ ပြသနာဖြစ်‌နေတဲ့ သူမတို့ ညီမနှစ်ယောက်ကို ကိုစိုင်းဟန်ကပဲ ကူညီဖြေရှင်းပေးခဲ့ခြင်းဖြစ်သည် ။ ယုံကြည်စွာနဲ့ ငွေစိုက်ထုတ်ပြီး Share ဝင်‌ပေးမှုကြောင့်ခြံလုပ်ငန်းလဲ ကောင်းစွာ လည်ပတ်နိုင်ခဲ့ပြီး ထုတ်ကုန်အသစ်တွေပါ ထုတ်လုပ်နိုင်ခဲ့သည် ။ဆုံးရှုံးပြီဟု မျှော်လင့်ထားသော ခြံလုပ်ငန်းများ ပြန်အဆင်ပြေလာတဲ့ အတွက် အတိုင်းမသိပင် ဝမ်းသာခဲ့ရသည် ။
                    'သော်လေး' လုပ်ငန်းလုပ်ချင်တယ် ပြောလို့ ကိုစိုင်းဟန်ဆီ လှမ်းပြီး အကြံတောင်းကြည့်တော့လဲ သူ့သမီးနဲ့ တွဲဖက်လုပ်ကိုင်ရန်ပင် ကမ်းလှမ်းလာခဲ့သည် ။ လူငယ်တွေကို နေရာပေးရမည်ဖြစ်ကြောင်း ၊ လူငယ်တွေက ပိုထက်မြက်ပြီး စွမ်းဆောင်ရည် မြင့်မားကြောင်း ၊ စီးပွားရေးကို စိတ်ဝင်စားပြီး ဒီလောကထဲ ဝင်ရောက်လာတာဟာ ဂုဏ်ယူစရာကောင်းကြောင်း အထပ်ထပ်ပြောကြားခြင်းကြောင့် သူမတို့လဲ 'သော်လေး' ကို ထောက်ပံ့ပေးဖို့ အားရှိလာခဲ့သည် ။ ကိုစိုင်းဟန်က ထက်မြက်လွန်းတော့ သမီးဖြစ်သူကပါ သွက်လက်နေတာ အဆန်းမဟုတ်တော့ပေ.......။
                  
          " 'မှီ' လေးက ထက်မြက်မဲ့ ပုံလေးပါကွယ် ၊ တီလှတို့ကလဲ သား'သော်လေး' ကို ကူညီဖေးမပေးဖို့ တောင်းဆိုပါတယ်နော် ၊ သားလေးက ဘာအတွေ့ ကြုံမှ မရှိသေးလို့ 'မှီ' လေးက နည်းနည်းတော့ အပင်ပန်းခံရမယ် ထင်တယ် "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now