အပိုင်း (၃၂)

332 19 0
                                    

Unicode

          " 'သော်'! ၊ 'နှိုင်း' ရှိလား ဟင် "

                     ဆိုင်မှာ သီချင်းဖွင့်ဖို့ ရွေးနေတဲ့ 'သော့်' အနား ရောက်လာတဲ့ အမကြီး သုံးယောက်.......၊ မော့ကြည့်လိုက်တော့ အကုန်လုံးက မျက်နှာချိုသွေးစွာ ရယ်ပြနေကြသည် ။

          " ဪ အမတို့ပါလား ၊ ရှိတယ် 'နှိုင်း' က အပေါ်ဆုံးထပ်မှာ စာဖတ်နေတယ် "

          " ဟုတ်လား ၊ အဲ့ဒါဆို အမတို့အပေါ်တက်သွားလိုက်မယ်နော် "

          " ဟုတ်ကဲ့ အမ "

          " ဒါနဲ့ အမတို့ကို Ice Americano သုံးခွက် ယူလာပေးခဲ့လို့ရမလား 'သော်' "

          " ဗျာ! အာ ဟုတ်ကဲ့ ရပါတယ် "

          " ဟို စိတ်မရှိပါနဲ့နော် ၊ 'သော်' ကိုယ်တိုင် လာပို့ပေးလို့ရမလား ဟင် "

          " ရပါတယ် အမ ၊ ကျွန်တော် လာပို့ပေးပါ့မယ် "

          " ကျေးဇူးပဲနော် 'သော်' ၊ အဲ့ဒါဆို အမတို့ အပေါ်ထပ်ကနေ စောင့်နေလိုက်မယ် "

          " ဟုတ်ကဲ့ ခင်ဗျ "

                      'သော့်' ဆီမှာ Coffee မှာပြီး 'နှိုင်း' ရှိတဲ့ အပေါ်ဆုံးထပ်ကို တက်လာခဲ့ကြသည် ။ သဘောကောင်းလွန်းတဲ့ 'သော်' ကတော့ သူမတို့ ပြောတဲ့ အတိုင်း Coffee ဖျော်ရင်း ကျန်နေခဲ့သည် ။ ဒီကောင်လေး ဒီလောက်ဖြူစင်လို့လဲ သူမတို့အတွက် အဆင်ပြေနေတာ ဖြစ်သည် ။ အပေါ်ဆုံးထပ် စာဖတ်ခန်းတွင်တော့ မှန်တံခါးဘက်ကို မျက်နှာမူကာ စာဖတ်နေတဲ့ 'နှိုင်း' ကို တွေ့ရသည် ။

          " 'နှိုင်း'! "

                        အနောက်ကနေ ခပ်ဆတ်ဆတ်ခေါ်လိုက်တော့ 'နှိုင်း' က လန့်သွားသလိုပြန်လှည့်ကြည့်လာကာ 'ယွန်းခက်' တို့ သုံးယောက်ကို မြင်တော့ စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်နှာပျက်သွားသည် ။

          " ငါတို့ ဒီမှာ ခဏထိုင်မယ်နော် "

          " အမတို့ Trip ကိစ္စလာပြောတယ်ဆိုရင် ကျွန်တော် ငြင်းပြီးသားနော် စိတ်မပြောင်းဘူး လုံးဝပဲ "

                       'နှိုင်း' ရဲ့ ဘေးဘက်ကခုံမှာ ဝင်ထိုင်လိုက်‌တော့ 'နှိုင်း' က သူမတို့ အကြံကို ကြိုသည့်သိအလား စကားကို ပိတ်ပြောလာသည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now