အပိုင်း (၃၄)

336 19 0
                                    

Unicode

          " အနွေးထည်တွေ ထည့်လိုက်မယ်နော် ညီ ၊ အဲ့ဒီမှာ ရာသီဥတုက အေးနေမှာ........."

                     ဗီရိုထဲက အဝတ်အစားတွေကို တစ်ထည်ချင်း သေချာထုပ်ကာ ပြောနေသော ကိုကို့ကို ခေါင်းသာငြိမ့်ပြလိုက်သည် ။ 'နှိုင်း' ခရီးထွက်ဖို့အတွက် အဝတ်အစားတွေကို ကိုကိုကိုယ်တိုင် ပြင်ပေးနေခြင်းဖြစ်သည် ။

          " ကိုကိုကလဲ ပြန်မလာလဲ ရပါတယ်ဆို ၊ ညီ့ဘာသာ လုပ်နိုင်ပါတယ်........."

                     ဘေးမှာချထားတဲ့ အဝတ်တွေကို ခေါက်ပေးရင်း ပြောလိုက်တော့ ကိုကိုက အသာပြုံးကာ သူ့ဘေးနား လာဝင်ထိုင်သည် ။

          " ဘယ်ဖြစ်မလဲ ညီရာ ၊ ခရီးထွက်တယ်ဆိုတာ မလွယ်ဘူး ၊ သေချာလိုအပ်တဲ့ ပစ္စည်းတွေကို စီစစ်ထည့်ဖို့လဲ လိုသေးတယ် ၊ ဒါက ညီ့ရဲ့ ပထမဆုံးထွက်တဲ့ ခရီးမလား ကိုကိုက သေချာပေါက် ပြင်ပေးသင့်တာပေါ့.........."

          " အဲ့ဒါတော့ အဲ့ဒါပေါ့ ကိုကိုရာ ၊ ဒါပေမဲ့ ညီ့ကြောင့် ချက်ချင်းကြီး ပြန်လာရတော့ အားနာလို့......."

                     'နှိုင်း' အပြောကို ကိုကိုက ခေါင်းယမ်းရင်း ခပ်ဟဟရယ်မောနေသည် ။ တကယ်ဆို ကိုကိုပြောသလို 'နှိုင်း' က ဘာမှပြင်ဆင်တတ်တာမဟုတ် ၊ ကိုကို ကူပြီး ပြင်ပေးနေလို့သာ တော်သေးသည် ။ သို့ပေမဲ့လည်း သူ့ကြောင့် ရုတ်တရက်ကြီး ပြန်လာတာမျိုး မဖြစ်စေချင်ပါ ။ 'နှိုင်း' ဘဝသက်တမ်းတစ်လျှောက်လုံး ကိုကို့ရဲ့ အမြဲတမ်းနံပါတ်တစ်ဖြစ်ခဲ့ပေခဲ့ ဒီ့ထပ်ပိုပြီးတော့ လောဘမကြီးတော့ပေ ။

          " ဒါကတော့ ညီက ခရီးထွက်ဖို့ကိုရုတ်တရက်ကြီးပြောတာကိုး ၊ ခရီးသွားမဲ့ရက်ထက် ပိုစောပြီး ပြောရင် ကိုကိုလဲ ပြန်လာဖို့ ကြိုပြင်ထားမှာပေါ့........"

          " ညီလဲ ခရီးသွားဖို့ ဆုံးဖြတ်လိုက်တာ ရုတ်တရက်ကြီး ဖြစ်သွားတယ် ၊ အစက မလိုက်တော့ဘူး ဆိုပြီးနေနေတာ........."

          " ဒီခရီးက ညီမပါလို့ မဖြစ်ဘူးမလား ဘာလို့မလိုက်ချင်တာလဲ ၊ ကိုကိုကတော့ ညီ့ကို ဒီလိုမျိုးလေးတွေသွားစေချင်တယ်........"

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now