အပိုင်း (၂၃)

400 21 1
                                    

Unicode

          " Ice Americano တစ်ခွက်နဲ့ orange cake တစ်ခု ပေးပါ အကို "

                  Counter ရှေ့ကနေ Menu ကို ထောက်ကာ ပြောလာသော ကောင်မလေးကို ပြန်ပြုံးပြရင်း ခေါင်းငြိမ့်ပြလိုက်သည် ။ တစ်ခဏအတွင်းမှာ နာမည်ရလာတဲ့ သူတို့ဆိုင်လေးက အဆောက်ဦး သုံးထပ်လုံး customer များဖြင့် ပြည့်နေသည် ။

          " ရပါပြီ ညီမလေး "

          " ဟုတ်ကဲ့ အကို ၊ ဒါနဲ့လေ ညီမနဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်ပေးလို့ရမလား ၊ review ကောင်းကောင်းရေးတင်ပေးချင်လို့ပါ အဟီး "

                  ပိုက်ဆံရှင်းပြီး မသွားသေးပဲ ဖုန်းထောင်ပြကာ မဝံ့မရဲပြောလာသည် ။ 'သော်' လဲ ဝတ်ထားသော Apron ကို တစ်ချက် ဆွဲခါချကာ-

          " ရပါတယ် ပေး အကို့ဘက်ကနေ ရိုက်ပေးမယ် "

                တန်းစီနေ‌သော လူများကို အကြာကြီး မစောင့်ခိုင်းလိုသောကြောင့် ကောင်မလေးလက်ထဲက ဖုန်းကို ယူကာ ဓာတ်ပုံအမြန်ရိုက်ပေးလိုက်သည် ။

          " ‌ကျေးဇူးတင်ပါတယ် အကို "

          " ဟုတ်ကဲ့ ရပါတယ် ၊ ကောင်းကောင်းသုံးဆောင်ပါ "

                 ဖော်ရွေစွာပြောလိုက်တော့ ကောင်မလေးက 'သော့်' ကို ပြန်ပြုံးကာ ထွက်သွားသည် ။

          " 'သော်'!! "

                 နောက် Customer တစ်ယောက်မုန့်မှာတာကို စောင့်နေစဉ် ခပ်လှမ်းလှမ်းမှ အော်ခေါ်လာသော 'နှိုင်း'.........၊ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းကာ ကျောပိုးအိတ်လွယ်ထားပြီး သူ့ကို လက်ပြကာ ခေါ်နေသည် ။ အရေးကြီးတဲ့ ပုံစံနှင့် လှမ်းခေါ်နေသော 'နှိုင်း' ကြောင့် ရောင်းလက်စ customer ကို တခြားတစ်ယောက်နဲ့ လွှဲပေးကာ 'နှိုင်း' ဆီ ထွက်လာခဲ့သည် ။

          " ဘာလဲ 'နှိုင်း' ၊ ဘာပြောမလို့လဲ "

          " မင်းကိုယ်တိုင် ဝင်လုပ်ပေးနေတာလား 'သော်' ၊ service ကလဲ ကောင်းလိုက်တာ Coffee တစ်ခွက် ဓာတ်ပုံတစ်ပုံပေါ့ "

               သူ့အမေးကို ပြန်မဖြေအားပဲ Apron မှာ ကပ်နေတဲ့ Cream ကို လက်ဖြင့်သုတ်ကာ ပြန်မေးလာသည် ။ ခုနက အရေးကြီးသလိုဖြစ်နေတဲ့ '‌နှိုင်း' က အခုတော့လဲ အရေးမကြီးတော့သလိုပင်.......။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now