Zawgyi
" ဟေ့ရောင် 'ကသော် ' ပြန်လာပြီလား "
'နှိုင်း' နဲ့စကားပြောပြီး အတန်းထဲ ဝင်ဝင်ချင်း အော်ပြောလာသော 'ချမ်းလွန်း' ကြောင့် 'သော်' အသာပင် ခေါင်းငြိမ့်ပြလိုက်သည် ။ ခပ်ပျော့ပျော့ ဆံပင်ကို တစ်ချက်သပ်ကာ နေရာမှာပင် ပင်ပန်းစွာ ဝင်ထိုင်လိုက်သည် ။ 'ချမ်းလွန်း' နဲ့ 'သော်ယံ' က နောက်လှည့်ထိုင်ကာ သူ့ကို ကြည့်နေသည် ။
" ဘယ်လိုလဲ ဟိုကောင်ရော တော်တော်မှ ခံလိုက်ရရဲ့လား "
" တစ်ဖွဲ့နဲ့ တစ်ယောက်ဆိုတော့လဲကွာ ပိုခံရတာပေါ့ "
" ဟင်! 'မနှိုင်း' ကတစ်ယောက်ထဲလား ၊ သူ့အဖွဲ့မပါဘူးလား ' ထက်မြတ်' တို့ 'ဟန်စစ်' တို့လေ "
" မပါဘူးထင်တယ် ငါမြင်တာကတော့ 'နှိုင်း' နဲ့ 'ဝေယံဟိန်း' တို့အုပ်စုပဲ "
" အဲ့ဒါဆိုရင်တော့ ခံရမှာပေါ့ ၊ ဒါနဲ့ ဦးကြည်သာကရော တော်တော်မှ ပွားလိုက်ရဲ့လား "
" ဦးကြည်သာကတော့ သိတဲ့အတိုင်း မကြည်ဘူးပေါ့ကွာ ၊ 'နှိုင်း' တို့တော့ တော်တော် ဆူခံလိုက်ရတယ် ထင်တယ် ၊ မုန့်စားဆင်းရင်တော့ စာကြည့်တိုက် သန့်ရှင်းရေးလုပ်ဖို့ အပြစ်ပေးလိုက်တယ် "
" 'မနှိုင်း' ကလဲကွာ အမြဲပြသနာပဲရှာနေတယ် ၊ ဘာလဲ ဒီတစ်ခါရော သူ့ရဲ့ ကောင်မလေးတွေ ကြောင့်ပဲ လား "
" မသိပါဘူးကွာ ၊ ငါမေးတော့လဲ မိန်းကလေးတွေနဲ့ ပက်သတ်ပြီး ရန်မဖြစ်ဘူးပဲ ပြန်ပြောတယ် ၊ ငါတော့ 'နှိုင်း' တစ်ယောက်နဲ့ တော်တော် စိတ်ညစ်တယ် ၊ မျက်နှာတစ်ခုလုံးလဲ ညိုမဲနေတာပဲ "
သက်ပြင်းချကာ ပြောလိုက်သော 'သော့်' ကြောင့် 'ချမ်းလွန်း' ရော 'သော်ယံ' ပါ ဂရုဏာသက်စွာ ကြည့်မိသည် ။ 'သော်' စိတ်ညစ်လဲစိတ်ညစ်လောက်ပေသည် ။ 'မနှိုင်း' ရဲ့ ပြသနာပေါင်း တစ်သိန်းရှစ်သောင်းလောက်ကို 'သော်' ပဲ ဒိုင်ခံဖြရှင်းပေးနေရသည် မဟုတ်ပါလား.....။
'မနှိုင်း' ဆိုတဲ့ကောင်က ပြသနာပဲ ရှာတတ်သည် ၊ ရှင်းဖို့တော့ သတိမရ....၊ သူ့ရဲ့ အရူပ်မှန်သမျှက 'သော့်' ဆီပဲ ရောက်ရောက်လာတတ်သည် ။ 'သော့်' မှာ ကျောင်းတက်ရင်း လူဆိုးထိန်းရတဲ့ အဖြစ် ၊ တနေ့တနေ့ 'မနှိုင်း' ပဲ လိုက်ကြည့်နေရသည် ။
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...