အပိုင်း (၄၁)

483 20 0
                                        

Unicode

          " ဒီနေ့ လ လည်းမထွက်ဘူးနော် 'နှိုင်း' "

                     တည်းခိုဆောင်အခန်းရဲ့ အရှေ့က ခုံတန်းလေးမှာ ထိုင်နေရင်းမှ 'သော်' က ကောင်းကင်ကြီးကို မော့ကြည့်ပြီး ငြီးတွားစွာပြောလာသည် ။ လမင်း ကင်းမဲ့နေတဲ့ ကောင်းကင်ကတော့ အမှောင်ဖုံးကာ ကမ္ဘာကြီးကို အုပ်မိုးထားသည် ။

          " လ ကအမြဲတမ်းတော့ ဘယ်သာနိုင်ပါ့မလဲ 'သော်' ရဲ့......."

                    'နှိုင်း' လဲ 'သော်' ရဲ့ ဘေးမှာ ဝင်ထိုင်ရင်းပြောလိုက်တော့ 'သော်' က အလိုမကျစွာ နှုတ်ခမ်းကို မဲ့ချလိုက်သည် ။

          " လ ကမထွက်တော့ ညက မလှတော့ဘူးပေါ့ "

          " လ မရှိလည်း ကြယ်လေးတွေ ရှိသေးတာပဲ 'သော်' ရာ ၊ ကြည့်ပါလား.......လှနေသေးတာပဲ "

                    'နှိုင်း' ညွှန်ပြတဲ့ နေရာကိုကြည့်လိုက်ရင်း 'သော်' က ထောက်ခံခြင်းလဲ မပြု ၊ ငြင်းဆိုခြင်းလဲ မပြုပဲ တိတ်ဆိတ်သွားသည် ။ ညလေပြေက အေးစက်စွာ တိုက်ခတ်နေသောကြောင့် ဘေးနားက 'သော့်' ရဲ့ ခန္ဓာကိုယ်လေးကို ထွေးပွေ့ထားမိသည် ။

          " အေးနေလား 'သော်' ၊ ခဏ ငါ အထဲမှာ အနွေးထည်သွားယူလိုက်ဦးမယ် "

                     တည်းခိုဆောင်က ပေးတဲ့ ခပ်ပါးပါး ဆင်တူအင်္ကျီလေးကိုသာ ဝတ်ဆင်ထားရသောကြောင့် သူတို့မှာ ရှိနေတဲ့ တစ်တည်းသော အနွေးထည်လေးကို သွားယူဖို့ပြောတော့ 'သော်' က ခေါင်းခါပြသည် ။

          " ရတယ် ၊ ဒီတိုင်းပဲ ဖက်ထားပေး......."

                    'သော်' က သူ့လက်တစ်ဖက်ကို ဆွဲယူကာ ခါးကို ဖက်စေပြီး နောက်လက်တစ်ဖက်ကိုတော့ လည်ပင်းကို သိုင်းကာ ဖက်စေသည် ။ ပြီးမှ 'နှိုင်း' ရဲ့ ရင်ခွင်ထဲကို အလိုက်သင့်လေး တိုးဝင်လာကာ ခေါင်းကို အသာမှီထားလေသည် ။
                    အနည်းငယ် အေးစက်စပြုနေတဲ့ 'သော့်' ရဲ့ ခန္ဓာကိုယ်ကြောင့် 'နှိုင်း' ပိုတိုးကာ ဖက်ထားလိုက်သည် ။ ဒီရာသီဥတုနဲ့ 'သော့်' ကို ဒီတိုင်းထားလို့တော့ မဖြစ် ၊ မနက်ဖြန်တော့ ဈေးမှာ လိုအပ်တာတွေ သွားဝယ်ရပေမည် ။ ဘယ်အချိန်ထိ အိမ်မပြန်ပဲ နေရမလဲ မသိသောကြောင့် အဝတ်အစားနဲ့အတူ အခြားလိုအပ်တဲ့ ပစ္စည်းများလည်း သွားဝယ်ရပေမည် ။ မဟုတ်ရင်တော့ ချူချာလွန်းတဲ့ 'သော်' က နေမကောင်းဖြစ်နေပေဦးမည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now