အပိုင်း (၁၈)

393 25 0
                                    

Zawgyi

          " ဘုန်း! "

          " အင့်! အ! "

                  ကျောင်းသားတစ်စုရဲ့ ခြေထိုးခံမှုကြောင့် ခပ်ဝဝ ကျောင်းသားလေး တစ်ယောက် မှောက်ရက်လဲသွားသည် ။ ကျောက်လမ်းဖြစ်လင့်ကစား ခန္ဓာကိုယ်ရဲ့ အရှိန်ကြောင့်ပါ ချက်ချင်းမထပဲ ရှိနေသည် ၊ ဒါကိုပင် ကျောင်းသားများက ဟာသပွဲ တစ်ခုကြည့်နေရသလို တဟားဟား အော်ရယ်နေကြသည် ။

          " ဟား ဟား "

          " ဝက်ကြီး ပစ်လဲသွားပြီကွ ၊ ဒီနေ့ အိမ်က ဘာဟင်းချက်ကြလဲ "

          " ဝက်သားဟင်း!! "

          " ဟား ဟား ဟား ၊ ဟေ့ရောင် မင်းခြေထောက်ကို ဝက်ကြီး ခလုတ်တိုက်သွားတော့ မနာဘူးလား "

          " အေး မင်းပြောမှ နာလာသလိုပဲ အား နာတယ် နာတယ် ၊ ဟား ဟား "

                  လဲနေတဲ့ ကျောင်းသားကို ထူရန် သတိမရကြပဲ လှောင်ပြောင်အော်ရယ်နေပြန်သည် ။ ကျောက်လမ်းမပေါ် လဲကျနေတဲ့ ကျောင်းသားလေးကလဲ မထနိုင်စွာ ဖင်ချထိုင်ပြီး ကျောင်းသားများ လှောင်ရယ်တာကို ခေါင်းငုံ့ခံနေရရှာသည် ။

          " ဟေးး ကလေးတွေ အဲ့ဒါ ဘာလုပ်နေကြတာလဲ "

                 လဲကျနေတဲ့ ကလေးနဲ့ ဝိုင်းပြီး လှောင်ပြောင်နေတဲ့ ကျောင်းသား တစ်စုအနား အပြေးရောက်လာတဲ့ ကောင်လေး တစ်ယောက်......။

          " အကိုက ဘယ်သူလဲ ၊ ကျွန်တော်တို့ ဘာလုပ်လုပ် အကိုနဲ့ ဆိုင်လို့လား "

                 မခန့်လေးစား ပြန်ပြောလာတဲ့ ကလေးတွေကို လျစ်လျူရှုကာ လဲကျနေတဲ့ ကောင်လေးကို အရင်ဆွဲထူလိုက်သည် ။

          " ကျောင်းသား အချင်းချင်း အဲ့လို အနိုင်ကျင့်လို့ မရဘူးလေ ၊ မင်းတို့ မိဘတွေက မဆုံးမထားဘူးလား "

          " အကိုက ဘာသိလို့လဲ သူကအရင် ကျွန်တော့်ခြေထောက်ကို ခလုတ်တိုက်တာ ၊ ဒီကောင်တွေသိတယ် "

          " ဟုတ်တယ် ၊ သူ့ခန္ဓာကိုယ် အကြီးကြီးကို ကျွန်တော်တို့က ဘယ်လိုအနိုင်ကျင့်ရမှာလဲ "

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now