Zawgyi
မိုးရာသီရဲ့ ညနက်တွေက အေးစက်နေပေမဲ့ မိုးမရွာပဲ ကောင်းကင်က အုံ့မှိုင်းစွာ လျှပ်စီးတလက်လက်ဖြစ်နေသည် ။ 'သော့်' ကုတင်က အကျယ်ကြီးမဟုတ်ပေမဲ့ နှစ်ယောက်အိပ်ရန်တော့ အဆင်ပြေလှသည် ။ 'နှိုင်း' ကတော့ အိပ်ရာအကူးအပြောင်းကြောင့် အခုထိ အိပ်မပျော်နိုင်သေးပေ ။
ဘေးနားမှ 'သော်' က နှစ်ခြိုက်စွာပင် အိပ်မောကျနေလေသည် ။ နဖူးပေါ်မှာ ကပိုကရိုကျနေတဲ့ ခပ်ဖွာဖွာဆံပင်ကို အသာသပ်တင်ပေးကာ ပါးနုနုကို ထိတွေ့ လိုက်တော့ ခပ်နွေးနွေးလေး ခံစားရသည် ။ ဆေးတိုက်ထားသည့်တိုင်အောင် 'သော့်' အဖျားက ကျန်နေသေးသည် ။ စောင်ကို သေချာ လုံအောင် ခြုံပေးပြီး သူလဲ အိပ်ပျော်ရန် ကြိုးစားလိုက်သည် ။" ဟင်းး အင်းး အားး အားးးး "
အိပ်ပျော်လုနီးနီးမှ ဘေးနားက 'သော့်' အော်သံကြောင့် အလန့်တကြားပြန်နိုးလာခဲ့သည် ။ ဘေးကို ကြည့်မိတော့ ချွေးစေးတွေ မျက်ရည်တွေ ကြားမှ 'သော်' ဟာ မောဟိုက်နေဟန် ။
" 'သော်'.....'သော်' ဘာဖြစ်လို့လဲ "
" ဟင် 'နှိုင်း' ၊ 'နှိုင်း'.......ငါ ငါ ၊ ဖေဖေတို့ ဖေဖေတို့ကို ကယ်ပါဦး "
နာမည်တဖွဖွခေါ်နေပေမဲ့ မျက်လုံးတွေက သူ့ကို ကြည့်မနေပဲ ကယောင်ခြောက်ချားနိုင်စွာ ပြောနေသည် ။
" ဘာမှမဖြစ်ဘူး 'သော်' စိတ်အေးအေးထား ငါရှိတယ် ၊ ငါ ဒီမှာ မင်းနဲ့ ရှိနေတယ် နော် "
" မ မဟုတ်ဘူး ၊ ပေါက်ကွဲတော့မှာ ကားက ပေါက်ကွဲတော့မှာ အဟင့် အင့် အင့် "
" အားလုံးပြီးသွားပြီလေ 'သော်' ဘာမှမရှိတော့ဘူး ၊ ငါ့ကိုကြည့် 'သော်'..'သော်'!! "
ပုခုံးကို ကိုင်လှုပ်ပြီး အော်ခေါ်လိုက်မှာ အရည်ကြည်တွေ ဝိုင်းနေတဲ့ မျက်ဝန်းများက အားကိုးတကြီးမော့ကြည့်လာသည် ။
" အဆင်ပြေသွားမှာပါ 'သော်' အကုန်လုံး အဆင်ပြေသွားမှာ ၊ မကြောက်နဲ့နော် ငါရှိနေသ၍ မင်းဘာမြှဖစ်မှာမဟုတ်ဘူး "
YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomanceZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...