Chapter - 6

11.1K 1.8K 118
                                    

သောကြာနေ့ညမှာ Fang Qimiao က Xiao Ke ဖုန်းထဲကို တည်နေရာ တခု ပို့လာတယ်။ အဲ့နေရာက Zhou Zui ရဲ့ studio နေရာပဲ။ Xiao Ke က တချက်ကြည့်လိုက်ပြီး သူ့နေရာနဲ့ သိပ်မဝေးဘူးဆိုတာ သိလိုက်ရတယ်။

Fang Qimiao က အသံ message လည်း ပို့ထားသေးတယ်။

"မနက်ဖြန် ငါလာခေါ်မယ်။ ငါဖုန်းခေါ်လိုက်ရင် အောက်ဆင်းလာခဲ့"

"Okay"

Fang Qimiao က စိတ်တိုချင်စရာကောင်းတဲ့ အသံနဲ့ ဆက်ပြောနေတယ်။

"မကြာခင် မင်းတို့ ဒုတိယအကြိမ် ထပ်တွေ့ရတော့မယ်။ စိတ်လှုပ်ရှားနေလား သခင် Xiao"

"ချီးမို့ စိတ်လှုပ်ရှား"

Fang Qimiao က သူ့ကို ရန်စတဲ့ emoji ၂ ခု ပို့လာတယ်။ Xiao Ke က သူ့ကို လျစ်လျူရှုထားလိုက်တယ်။ အမှန်အတိုင်းပြောရရင်လည်း သူအဲ့လောက် စိတ်လှုပ်ရှားမနေပါဘူး။ ဒီလူကို သူ တခါပဲ တွေ့ဖူးတာ။ ဒါပေမယ့် လုံး၀ကို တည်ငြိမ်နေတာလားဆိုရင်တော့ အဲ့လိုလည်း မဟုတ်ဘူး ပြောရမှာပဲ။

ဘာလို့လဲဆိုတော့ အဲ့လူက Xiao Ke ရဲ့ အလှအပစံနှုန်းတွေနဲ့ လုံး၀ကို ကိုက်ညီနေလို့ပဲ။ အဲ့လူကို နည်းနည်းလောက်တော့ ထပ်တွေ့ချင်နေတယ်။

~~~~~~~~~~~~~~~~~~~~~~~

နောက်ရက်မှာ နေ့လယ်စာစားပြီးတာနဲ့ သူတို့ ထွက်ခဲ့တယ်။ Xiao Ke က ဂျင်းအနွမ်းရောင် ဘောင်းဘီနဲ့ ရိုးရိုး အနက်ရောင် ခေါင်းစွပ်လက်ရှည်ကိုပဲ ၀တ်ထားတယ်။ အဲ့ဒါက သူ့ကို ငယ်ရွယ်တောက်ပတဲ့ပုံပေါက်စေပြီး ကျောင်းသားနဲ့တောင် ပိုတူနေစေတယ်။ Fang Qimiao ကတော့ သူက တမင် ငယ်သလိုလုပ်ပြီး ဖြူစင်ချင်ယောင်ဆောင်နေတာလို့ စွပ်စွဲနေတော့တာပဲ။

Xiao Ke က သူ့ကို စွေကြည့်တယ်။ နှုတ်ခမ်းတဖက်ပဲ အပေါ်တက်ပြီး ခနဲ့ပြုံး ပြုံးတယ်။

"ငါက ဟန်ဆောင်နေတာ မဟုတ်ဘူး။ တကယ် နုပျိုတာ"

Fang Qimiao က အသံအကျယ်ကြီး နဲ့ အကြာကြီး လှောင်ရယ်တယ်။

"အင်း ဆရာ Xiao က အသက် ၃၀ မှာတောင် ပန်းလေးလိုပဲ။ ငယ်ရွယ်လွန်းလို့ ရေတောင်ညှစ်ချလို့ရမတတ် ထင်ရတယ်"

သူတို့ ဆိုင်ကိုရောက်တော့ ကလေးမလေးတယောက်ပဲ ရှိတယ်။ အဲ့ကလေးမလေးကလည်း အသက် ၂၀ ဝန်းကျင်လောက်ပဲ။ သူက သူ့လက်သည်းပေါ်မှာ တခုခုဆွဲနေတယ်။ သူတို့ကို မြင်တော့ နှုတ်ဆက်တယ်။

Tattoo [Completed]Where stories live. Discover now