Chapter - 29

8.8K 1.6K 84
                                    

ဆရာ Xiao က တယောက်ယောက်ကို ရအောင်ကြိုးစားဖို့ စိတ်ဆုံးဖြတ်လိုက်ရင် ဘယ်သူကမှ သူ့ကို မငြင်းနိုင်ဘူး။ သူ့ရဲ့ ကြင်နာတတ်မှုတွေရယ်၊ romantic ဖြစ်မှုတွေရယ်က တစုံတယောက်ရဲ့ စိတ်နှလုံးသားကို တိုက်ခိုက်ဖို့အတွက် အားကောင်းလှတဲ့ လက်နက်တွေပဲ။ အဲ့ဒါတွေက တဖက်လူကို တလှမ်းပြီးတလှမ်းနောက်ဆုတ်သွားစေပြီး အဆုံးမှာတော့ သူက အဲ့လူရဲ့ နှလုံးသားထဲကို ဝင်ရောက်နိုင်သွားမှာဖြစ်တယ်။

Zhou Zui ရဲ့ အိုဟောင်းနေတဲ့နှလုံးသားက နံရံအထပ်ထပ်နဲ့ ပိတ်ထားခံရတယ်။ ဒါပေမယ့် သူတောင်မှ Xiao Ke ကို မခုခံနိုင်ခဲ့ပါဘူး။ သံမဏိလိုမာကျောတဲ့နံရံတွေက အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့ရတယ်။

Zhou Zui က နွေးထွေးနုငယ်တဲ့နှလုံးသားလေးကို ကိုင်ထားရသလိုမျိုး Xiao Ke ကို သူ့လက်မောင်းတွေကြားမှာ ပွေ့ဖက်ထားတယ်။ အဲ့နှလုံးသားလေးက တောက်ပပြီး အချစ်တွေနဲ့ အသက်ဝင်နေတယ်။ သူက သူ့နားထဲမှာ ကြားနေရတဲ့ Xiao Ke ရဲ့ မတည်ငြိမ်သေးတဲ့ အသက်ရှူသံကို နားထောင်နေတယ်။ Zhou Zui က လက်တဖက်ကို မြှောက်လိုက်ပြီး Xiao Ke ရဲ့ ခေါင်းနောက်ဘက်ကို ဖွဖွလေး ပွတ်ပေးလိုက်တယ်...

"ပင်ပန်းသွားခဲ့ရပြီ ဆရာ Xiao"

"လုံးဝ မပင်ပန်းဘူး။ ငါက တကယ်ကို လိုလိုချင်ချင် ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ခဲ့တာ"

.
.

Xiao Ke ရောက်တုန်းက ဧည့်ခန်းမှာ လူ ၂ ယောက်ပဲ ရှိတယ်။ အခု သူတို့ ၂ ယောက် ပြန်ထွက်လာတော့ လူက ၃ ယောက် ဖြစ်နေပြီ။ Xiao Ke က မျက်ခုံးပင့်လိုက်ပြီး Lu Xiaobei ကို မေးတယ်...

"ခုနတုန်းက ငါမင်းကို ဘာလို့ မမြင်တာလဲ?"

"ကျွန်တော်က အိမ်သာထဲဝင်နေတာ။ Happy new year ပါ မရီး!"

Xiao Ke က သူ့လက်ထဲက ဟုန်ပေါင်းအိတ်နဲ့ Lu Xiaobei ကို ပေါက်လိုက်တယ်။ သူက ပြုံးပြီး ငေါက်တယ်...

"ထွက်သွား။ သခင် Xiao က ဘယ်သူ့ မရီးမှ မဟုတ်ဘူး!"

"အာယိုး!" Fang Xiက အမူပိုပြီး အော်တယ်။ သူက တမင် Zhou Zui ကို ခနဲ့တယ်...

"Old Zhou, ကြားလိုက်လား? Xiao Ke က Xiaobei ရဲ့ မရီးလုပ်ဖို့ အစီအစဉ်မရှိဘူးတဲ့... မင်းမှာ အခွင့်အရေးမရှိတော့ဘူး။ မင်းဘက်ကပဲ စလိုက်ပြီး Xiaobei ရဲ့ မရီး လုပ်လိုက်ပါလား"

Tattoo [Completed]Where stories live. Discover now