Old Cao ပါးစပ်ကနေ Xiao Ke နာမည် ခဏ ခဏ ထွက်လာတာက Zhou Zui ကို လုံးဝ စိတ်လွတ်သွားစေတယ်။
Lin Xuan နဲ့ Cheng Ning တို့ ရောက်လာတော့ Old Cao က Lu Xiaobei ဘေးမှာထိုင်ပြီး သူ ဂိမ်းဆော့တာကို ကြည့်နေတယ်။ Zhou Zui ကိုတော့ မတွေ့ရဘူး။ Lin Xuan က Cao Yuan ကို ကန်လိုက်တယ်...
"သူ ဘယ်မှာလဲ?"
Cao Yuan က အပေါ်ထပ်ကို ထိုးပြတယ်...
"အပေါ်မှာ နေနေတယ်။ ငါ့ကို စိတ်တိုနေတာ"
Cheng Ning က ဆူတယ်...
"မင်း တရက်တခါလောက်မှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရရင် သေတော့မတတ်ခံစားရမှာပဲ။ မင်းဘာလုပ်လိုက်လို့ သူက အဲ့လောက် စိတ်တိုသွားတာလဲ?"
"တခြားဘာဖြစ်နိုင်ဦးမှာလဲ? ပြီတီတီသွားလုပ်တာနေမှာပေါ့။ သူက Xiao Ke ကို ဘာတွေ အီစီကလီသွားလုပ်လဲမှ မသိတာ"
Cao Yuan က မြန်မြန် ထ ရပ်ပြီး ငြင်းတယ်...
"ငါ ကျိန်ဆို ကျိန်ရဲတယ်... ငါ ဘာမှ မလုပ်ဘူး။ တကယ်ကို ဘာမှ မလုပ်တာ။ ငါ စကားပြောတာပဲ ရှိတယ်။ အဲ့ဒါကို သူက မျက်နှာကြီး မည်းမှောင်ပြီး စောက် စိတ်ကူးယဉ်မနေနဲ့တဲ့... ဘုရားရေ။ သူ့မျက်နှာကြီးက အတော်ဆိုးတာ။ ဒီ Gay လေးက သူ့ကြောင့် လန့်သေတော့မလို့"
Lu Xiaobei က နောက်ကနေ ပျင်းပျင်းရိရိ ပြောလာတယ်...
"ခံသင့်တယ်"
Lin Xuan က Xiaobei ရဲ့ ထိပ်ပြောင်ပြောင်ကို တချက် တောက်လိုက်တယ်။
"အခုတလော သူကနေ့တိုင်း နာကျင်နေရတာ။ ဒါပေမယ့် အကိုက သူ့အနာကို ဆွနေတာကို။ သူငယ်ချင်းဖြစ်လာတာ ကြာပြီမို့သာ သူ အကို့ကို ထ မထိုးတာ"
အောက်ထပ်က အုပ်စုက Zhou Zui အကြောင်း စပြီး ဆွေးနွေးကြတယ်။ Zhou Zui က သူတို့ကိုတော့ ဂရုစိုက်မနေပေမယ့် ချိန်းထားတဲ့ ဧည့်သည်က ရောက်လာခါနီးပြီမို့ ထွက်မလာလို့ မရတော့ဘူး။ သူက စီးကရက်ကိုမီးညှိပြီး ပါးစပ်မှာ ကိုက်လိုက်တယ်... ပြီးတော့ အောက်ဆင်းလာတယ်။
ဒီလူတွေက ဒီနေ့ပြန်သွားဖို့ အစီအစဉ်ရှိပုံ မပေါ်ဘူး။ Zhou Zui က ဧည့်သည်နဲ့ ဆွေးနွေးနေတုန်း သူတို့အုပ်စုက ဘေးမှာ ဆူညံနေတယ်။ မကြာခဏ Zhou Zui ရဲ့ အချစ်ရေးကိုလည်း ထည့်ထည့်ပြောကြသေးတယ်။ သူတို့က 'Xiao Ke' ဆိုတဲ့ စကားလုံး ၂ လုံးကို ပြောတိုင်း Zhou Zui က ကြားတာပဲ။
YOU ARE READING
Tattoo [Completed]
RomanceThis is Myanmar translation of "刺青" (Tattoo) by 不问三九. I translated from English translation by JP on Chrysanthemum Garden website. This is the link for English translation: https://chrysanthemumgarden.com/novel-tl/tattoo/ All credits go to them. (T...